Pages

Friday, January 13, 2017

မြန်မာ့ပင်လယ်ပြင်တွင် ကျက်စားနေထိုင်လေ့ မရှိသော တူနာငါးများကို အစုလိုက်အပြုံလိုက် ဖမ်းယူရမိခဲ့



ရန်ကုန် ၊ ၁၃-၁-၂၀၁၇

မြန်မာ့ ပင်လယ်ပြင်တွင် ကျက်စားနေထိုင်လေ့ မရှိသော တူနာငါးများကို အစုလိုက် အပြုံလိုက် အများအပြား ဖမ်းယူရမိ ခဲ့ကြောင်း ရန်ကုန်မြို့ အခြေစိုက် ငါးလုပ်ငန်း ကုမ္ပဏီတစ်ခု ဖြစ်သည့် EI PHYO YADANAR Manufacturing Company Limited ငါးလုပ်ငန်း ကုမ္ပဏီ၏ သတင်းများအရ သိရသည်။

တူနာငါးများကို အဆိုပါ ငါးလုပ်ငန်း ကုမ္ပဏီ၏ ငါးဖမ်းစက်လှေ များမှ ဇန်နဝါရီ ၁ဝ ရက်က မြန်မာ့ ပင်လယ်ပြင်တွင် ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နေစဉ် အစုလိုက် အပြုံလိုက် အများအပြား ဖမ်းဆီးမိ လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တူနာငါး များမှာ မြန်မာ့ ပင်လယ်ပြင်တွင် ကျက်စား နေထိုင်သည့် ပင်လယ်ငါးများ မဟုတ်သဖြင့် တစ်ခါတစ်ရံတွင် မြန်မာ့ ပင်လယ်ပြင်ရှိ ငါးဖမ်းစက်လှေ များမှတစ်ကောင် ၊ နှစ်ကောင်သာ ရှားရှားပါးပါး ဖမ်းမိလေ့ ရှိသည်။

EI PHYO YADANAR Manufacturing Company Limited ငါးလုပ်ငန်း ကုမ္ပဏီ၏ ငါးဖမ်းစက်လှေ များမှ ဖမ်းဆီးရမိ ခဲ့သော တူနာငါးများမှာ တစ်ကောင်လျှင် ငါးပိဿာခန့် အရွယ် ပမာဏ ရှိနေသည့် တူနာငါးမျာြး ဖစ်သည်။ တူနာငါးများကို ထိုကဲ့သို့ အစုလိုက် အပြုံလိုက် ဖမ်းဆီးရမိခဲ့ သော်လည်း မြန်မာနိုင်ငံတွင် ဈေးကွက် မရှိကြောင်း သိရသည်။

ပြည်ပဈေးကွက် များသို့ တင်ပို့ ရောင်းချရန်လည်း အရည်အသွေး မမီသဖြင့် ဖမ်းဆီးရမိ လာသော တူနာငါးများကို ရန်ကုန်မြို့ရှိ အအေးခန်းများတွင် ခေတ္တသိုလှောင် သိမ်းဆည်းကာ ဈေးကွက်ရှာဖွေ ရောင်းချခြင်း၊ စားသောက်ဆိုင် များနှင့် ဟိုတယ်များသို့ လိုက်လံ ရောင်းချခြင်း၊ ငါးခြောက် ပြုလုပ်ရောင်းချ ခြင်းများဖြင့် ပြည်တွင်းဈေးကွက် များသို့သာ တင်ပို့ ရောင်းချသွားရန် စီစဉ်ဆောင်ရွက် နေကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၂)

No comments:

Post a Comment