Pages

Friday, January 13, 2017

ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားခြောက်ဦးအား ပြည်နင်ဒဏ်ပေး



နေပြည်တော် ၊ ၁၃-၁-၂၀၁၇

မြန်မာ့ရေပိုင်နက် အတွင်း ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ခြောက်ဦးအား ပြစ်ဒဏ်ကျခံနေရာမှ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄ဝ၁ (၁)အရ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြည်နှင်ဒဏ် ပေးရန် နိုင်ငံတော် သမ္မတရုံးက ယမန်နေ့က အမိန့်ထုတ်ပြန် လိုက်ကြောင်း သိရသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်မြို့နယ် အုန်းကျွန်းကျေးရွာ နေ ရော်ရှီးအူလ္လာ နှင့်ငါးဦးတို့အား ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီခွဲက ဘင်္ဂလား ပင်လယ်အော် မြန်မာ့ ရေပိုင်နက် အတွင်းတွင် ငါးဖမ်း စက်လှေဖြင့် ငါးခိုးဖမ်းနေစဉ် ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုဖြင့် ၄င်းတို့ ခြောက်ဦးအား ဘူးသီးတောင် အကျဉ်းထောင်တွင် ပြစ်ဒဏ် ကျခံစေလျက် ရှိရာမှ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြည်နှင်ဒဏ်ပေးရန် ယမန်နေ့က ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်သမ္မတရုံး အမိန့်အရ ၄င်းတို့အား ကတိဝန်ခံ လက်မှတ်များ ရေးထိုးစေပြီး ဘူးသီးတောင်မြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံ ခဲ့ကြောင်းနှင့် လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၉)

No comments:

Post a Comment