Pages

Monday, January 30, 2017

ပုဂံဒေသတွင် မီးပုံးပျံစီးလိုသည့် နိုင်ငံခြားသားဧည့်သည်နှင့် မီးပုံးပျံအလုံးရေ မျှတမှုမရှိသေး



ညောင်ဦး ၊ ၃၀-၁-၂၀၁၇

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်း၌ လာရောက်ကြသည့် ကမ္ဘာလှည့် ခရီးသည်များ အနေဖြင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်း အထက်ဝေဟင် မှ မီးပုံးပျံစီး၍ ကြည့်ရှုလေ့လာ လိုသူများ များသော်လည်း လက်ရှိတွင် မီးပုံးပျံစီး လိုသည့် (Balloonist) နိုင်ငံခြားသား ဧည့်သည်နှင့် ပုဂံဒေသအတွင်းရှိ မီးပုံးပျံအလုံးရေမှာ မျှတမှု မရှိသေးကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီး ဌာန(ပုဂံရုံးခွဲ)မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

၂ဝ၁၆ခုနှစ် အောက်တိုဘာ လမှ ဒီဇင်ဘာလထိ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ အတွင်းသို့ အများဆုံး လာရောက်လည်ပတ် ကြသည့် အမေရိကန် ၊ ဗြိတိန်၊ဂျာမနီ၊ ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယား နိုင်ငံသားများ အနေဖြင့် ပုဂံဒေသ၏ စေတီမြင်ကွင်း၊ ဧရာဝတီမြစ်ကြောင်း ရှုခင်း၊ တုရင်တောင်၊ တန့်ကြည်တောင် ရှုခင်းအလှအပ များကို ကောင်းကင်ယံမှ ကြည့်ရှုလို ကြသော်လည်း လက်ရှိ ပုဂံဒေသ၌ ခရီးသွား ကုမ္ပဏီများက မီးပုံးပျံ အရေအတွက် နည်းပါးပြီး မီးပုံးပျံ စီးလိုသည့် နိုင်ငံခြားသား ဧည့်သည်များပြား နေမှုကြောင့် နှစ်ရက်၊ သုံးရက် ကြိုတင်စာရင်းပေး ခြင်းများ ပြုလုပ်နေကြ ရသည်။

ပုဂံရှေးဟောင်း နယ်မြေအတွင်း၌ ၂ဝ၁၆ ခုနှစ်က နိုင်ငံခြားသား ဧည့်သည် ဝင်ရောက်မှု အရေအတွက်မှာ ဒီဇင်ဘာလထိ ၂၈၃၈၇၇ ဦး ဝင်ရောက်ခဲ့ပြီး ယနေ့အချိန်ထိ ဧည့်သည် ဝင်ရောက်မှု များပြားနေဆဲ ဖြစ်သကဲ့သို့ ယခုအခါ မီးပုံးပျံစီးလိုသည့် နိုင်ငံခြားသား များမှာလည်း ပိုမိုများပြား နေဆဲဖြစ်သည်။ 

လက်ရှိ ပုဂံဒေသတွင် ခရီးသွား ကုမ္ပဏီ ၃ ခု ၊ မီးပုံးပျံ ၂၁ လုံးဖြင့်သာ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နိုင် သေးသဖြင့် မီးပုံးပျံစီးလိုသည့် နိုင်ငံခြားသား များအတွက် မီးပုံးပျံ အလုံးရေ ရာနှုန်းပြည့် မဖြည့်ဆည်းပေး နိုင်သေးကြောင်း သိရသည်။

ပုဂံဒေသတွင် ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ မှစ၍ ၂ဝ၁၇ခုနှစ် ဖေဖော်ဝါရီလ ထိ အဆိုပါ ကုမ္ပဏီများက မီးပုံးပျံဖြင့် ခရီးသွား ဝန်ဆောင်မှုများ ပြုလုပ်ပေး နေကြောင်း၊ ဇုန်အတွင်း မီးပုံးပျံဖြင့် ပျံသန်း လေ့လာမှုခွင့် ပြုချိန်မှာ တစ်နာရီ သတ်မှတ် ထားကြောင်း၊ မီးပုံးပျံစီးရာတွင် အရွယ်အစား အလိုက် ၈ ဦး၊ ၁၆ ဦး စီးနင်းနိုင်ကြောင်း၊ မီးပုံးပျံ တစ်လုံးလျှင် လိုက်ပါသည့် လူဦးရေအပေါ် မူတည်၍ အများဆုံး ဒေါ်လာ ၉၅ဝ ပေးရကြောင်း ၄င်းက ဆက်လက် ပြောပြကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment