Pages

Monday, January 30, 2017

ဧရာဝတီမြစ်အတွင်း သွားလာနေသည့် သင်္ဘောများကို စောင့်ကြည့်နိုင်မည့် ရေဒါများ အနာဂတ်ကာလတွင် တပ်ဆင်နိုင်ရန် မျှော်မှန်း



မန္တလေး ၊ ၃၀-၁-၂၀၁၇

မြန်မာနိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ ဧရာဝတီမြစ် အတွင်း သွားလာနေသည့် သင်္ဘောများကို စောင့်ကြည့် နိုင်မည့် ရေဒါများ အနာဂတ် ကာလတွင် တပ်ဆင်နိုင်ရန် မျှော်မှန်း ထားကြောင်း မြန်မာနိုင်ငံ ရေကြောင်း ရဲတပ်ဖွဲ့(မန္တလေး) တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မြန်မာနိုင်ငံသည် အဖိုးတန် မြစ်၊ ချောင်း၊ အင်းအိုင်များ ပေါများသည့်အပြင် သဘာဝ သယံဇာတ ပစ္စည်းများလည်း အများဆုံးထွက် ရှိသည့် နိုင်ငံတစ်နိုင်ငံ အဖြစ် တည်ရှိနေကာ ပြည်သူတို့၏ အသက် သွေးကြောတစ်ခု ဖြစ်သည့် ဧရာဝတီမြစ်ကြီး မှာလည်း အခြားနိုင်ငံရှိ မြစ်ကြီးများ ကဲ့သို့ ရှည်လျားကာ သဘာဝအတိုင်း အစုန်၊အဆန် စီးဆင်းနေသည့် မြစ်ကြီးတစ်ခု ဖြစ်ကြောင်း၊ ၄င်းမြစ်အတွင်း၌ သွားလာနေသည့် သင်္ဘောများ၏ လုံခြုံရေးအပြင် အခြားသဘာဝ ဘေးအန္တရာယ်များ ကျရောက်မည် ဆိုပါက လုံခြုံဘေးကင်းကာ အမြန်ဆုံး ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အတွက် အခြားနိုင်ငံများ ကဲ့သို့ မြစ်အတွင်း၌ ရေဒါများ တပ်ဆင်၍ CCTV များမှတစ်ဆင့် အမြန်ဆုံး သတင်း အချက်အလက် ရရှိစေရေးအ တွက် ရေဒါများကို အနာဂတ် ကာလတွင် ဖြည်းဖြည်းချင်း တပ်ဆင်နိုင်မည် ဟု မျှော်မှန်း ထားကြောင်း သိရသည်။

ယခုလက်ရှိ အချိန်တွင် ဧရာဝတီမြစ် အတွင်း၌ သွားလာနေသည့် သင်္ဘောများ အနေဖြင့် ကျောက်ဆောင်ဖြင့် တိုက်မိပွတ်မိပြီး သင်္ဘောဝမ်းဗိုက် ပေါက်ကာ နစ်မြုပ်မည် ဆိုလျှင် သင်္ဘောများ အတွင်း၌သာ အချက်ပြ ရေဒါကို တပ်ဆင်ထားသည့် အတွက် ၄င်းသင်္ဘော နစ်မြုပ်မည့် နေရာသို့ အခြား သင်္ဘောတစ်စီး ရောက်ရှိမှသာ GPS စနစ်က အချက်ပြပြီး သိရှိနိုင်မည် ဖြစ်သောကြောင့် မြစ်အတွင်း နယ်စပ်ဂိတ်များ အပြင် ဧရာဝတီမြစ် အတွင်း၌လည်း အနာဂတ် ကာလတွင် ရေဒါများကို တပ်ဆင်နိုင်မည် ဟု မျှော်မှန်းထား ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment