Pages

Monday, January 30, 2017

ပေါ်လံကြီးဆင်စခန်းသို့ နိုင်ငံခြားခရီးသွားဧည့်သည် ၀င်ရောက်မှုများလာ



ပေါက်ခေါင်း ၊ ၃၀-၁-၂၀၁၇

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် နဝင်းချောင်းဖျား ပဲခူးရိုးမရှိ တောင်နဝင်း ကြိုးဝိုင်းသစ်တော အတွင်း၌ ပေါ်လံကြီး သဘာဝဘေးမဲ့ ဆင်စခန်းကို ဖော်ဆောင်ထားရာ နိုင်ငံခြား ခရီးသွား ဧည့်သည် ဝင်ရောက်မှု များပြား လာသော်လည်း ဆင်အကောင်ရေ နည်းပါးခြင်းကြောင့် လာရောက် လည်ပတ်မည် ဆိုပါက ကြိုတင် အကြောင်းကြား ပေးရမည် ဖြစ်ကြောင်း ပေါ်လံကြီး ဆင်စခန်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ ဆင်စခန်းအတွင်း ဆင်အကောင်ရေ ၁၂ ကောင်အထိ ရှိပြီး နိုင်ငံခြားခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်ရာတွင် အဆင်ပြေစေရေး သက်ဆိုင်ရာ ခရီးသွား အေဂျင်စီများက ကြိုတင် အကြောင်းကြား ပေးရန် လိုအပ်ကြောင်း သိရသည်။

ထို့ပြင် သဘာဝအတိုင်း တောထဲ၌ လွှတ်ပေးထားသော ဆင်များကို နိုင်ငံခြား ခရီးသွားဧည့်သည် များက လေ့လာလိုပါက အကြောင်းကြား ပေးရန် လိုအပ်ကြောင်း၊ ဆင်စခန်း အကျယ်အဝန်းမှာ ငါးဧကကျော် ရှိပြီး လာရောက် လေ့လာသော ပြည်တွင်းပြည်ပ ခရီးသွား များပြားလျက် ရှိကြောင်း သိရသည်။

ယင်း ဆင်စခန်းသို့ လာရောက် လည်ပတ်သော ပြည်တွင်း ခရီးသွား တစ်ဦးလျှင် ဝင်ကြေး ငွေကျပ် ၁ဝဝဝ သတ်မှတ်ထားပြီး ဆင်စီးခမှာ ငွေကျပ် ၅ဝဝဝ ဖြစ်ကြောင်း၊ နိုင်ငံခြားခရီးသွား ဧည့်သည် တစ်ဦးလျှင် ဝင်ကြေး ငွေကျပ် ၂ဝဝဝဝ သတ်မှတ်ထားပြီး ဆင်စီးခမှာ ငွေကျပ် ၂ဝဝဝဝ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆင်စခန်းအတွင်းမှ ရရှိသော ဝင်ငွေများကို ဆင်များ၏ ကျန်းမာရေး ကုသစရိတ်နှင့် စောင့်ရှောက်မှု ကုန်ကျစရိတ်များ အတွက် အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment