Pages

Monday, January 16, 2017

အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန ငြိမ်းချမ်းရေးရန်ပုံငွေအတွက် စုပေါင်းပန်းချီပြပွဲ ကျင်းပမည်



မန္တလေး ၊ ၁၆-၁-၂၀၁၇

အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ငြိမ်းချမ်းရေး ရန်ပုံငွေအတွက် မန္တလေးမြို့ရှိ သီရိ ပန်းချီပြခန်းနှင့် ပန်းချီဆရာများ စုပေါင်း၍ ပန်းချီပြပွဲ ကျင်းပမည် ဖြစ်ကြောင်း သီရိ ပန်းချီပြခန်း ပိုင်ရှင် ဦးပုညဆွေ က ပြောပြ၍ သိရသည်။

အဆိုပါ ပန်းချီပြပွဲကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၂ ရက်ထိ မန္တလေးမြို့ မင်္ဂလာမန္တလေး ရှိ သီရိ ပန်းချီပြခန်း ၌ ပြုလုပ်မည် ဖြစ်ပြီး ပန်းချီပြပွဲ ရောင်းချရငွေ များမှ ၅ဝ ရာခိုင်နှုန်းကို အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ငြိမ်းချမ်းရေးရန်ပုံငွေ အတွက် လှူဒါန်းမည် ဖြစ်ကာ ကျန် ၅ဝ ရာခိုင်နှုန်းကို ပန်းချီဆရာအား ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

ပန်းချီပြပွဲတွင် အထူး အစီအစဉ် အနေဖြင့် ပန်းချီဆရာ များက ပန်းချီကားများကို သီရိပန်းချီပြခန်း ရှေ့၌ လက်တွေ့ ရေးဆွဲပေးပြီး အလှူငွေ ကောက်ခံကြမည် ဖြစ်ကြောင်း သိရသည်။

၎င်းစုပေါင်း ပန်းချီပြပွဲသို့ ပါဝင်ပြသ လှူဒါန်းလိုသော ပန်းချီဆရာများ အနေဖြင့် ပန်းချီဆရာ တစ်ဦးလျှင် ပန်းချီကား သုံးကားထိ ပေးပို့ပြသ နိုင်ကြောင်း ၄င်းက ဆက်လက် ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment