Pages

Monday, January 16, 2017

မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်သူ ဘင်္ဂါလီ ၅ ဦးဖမ်းဆီးရမိ




နေပြည်တော် ၊ ၁၆-၁-၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ပါဝင် ပတ်သက်ခဲ့သူ များကို ဖော်ထုတ် စစ်ဆေးလျက် ရှိရာ ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ခဲ့ပြီး တိမ်းရှောင်နေသော ငါးခူရ (အလယ်ရွာ)နေ အီနု(ဘ) နာဒူဟူဆောင်း ကိုလည်းကောင်း၊ မွန်းလွဲ ၁ နာရီခန့်တွင် ငါးရံ့ချောင်း ကျေးရွာနေ ဆွေဒူလာမီ (ဘ) အဗ္ဗဒူလာ၊ မာမွတ်ကာဆင်း (ဘ) ဇော်လာမောက်၊ ရှူဟတ်(ဘ) မူဇင်မေ နှင့် ညနေ ၄ နာရီခွဲခန့်တွင် ပဒါးကား ကျေးရွာနေ မာမတ်အီဒရစ် (ဘ) အဒူမာလစ်တို့ အားလည်းကောင်း စုစုပေါင်း ငါးဦး ဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိသူ များ၏ ထွက်ဆိုချက်များ အရ ၄င်းတို့သည် ငါးခူရနှင့် ကျီးကန်းပြင် အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ပါဝင်ခဲ့ကြောင်း၊ အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုများ ပြုလုပ်ရန် ငွေကြေး ထောက်ပံ့၍ လူအင်အား စုဆောင်းပေး ခဲ့သူများ ဖြစ်ကြောင်းနှင့် အကြမ်းဖက်မှု ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် တိမ်းရှောင်နေရာမှ ၄င်းတို့၏ ကျေးရွာများသို့ ပြန်လည် ဝင်ရောက် နေထိုင်စဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိ ဘင်္ဂါလီများအား တရားဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်းနှင့် တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ များက နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ 

No comments:

Post a Comment