Pages

Friday, December 23, 2016

ကုန်သွယ်မှုလုပ်ငန်းတွင် လိုင်စင်မလိုသော ကုန်ပစ္စည်းများကို ထပ်မံကြေညာမည်


ရန်ကုန် ၊ ၂၃-၁၂-၂၀၁၆

ကုန်သွယ်မှုလုပ်ငန်း တိုးတက်လာစေရန် လိုင်စင်မလိုသော ကုန်ပစ္စည်းများ အတွက် ထပ်မံကြေညာရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ ပို့ကုန်၊ သွင်းကုန်လိုင်စင်များ လျှောက်ထားရန် မလိုအပ်သော ကုန်ပစ္စည်း များကို လက်ရှိအချိန်ထိ လျှော့ချပေးလျက် ရှိရာ ထပ်မံလျှော့ချ ပေးနိုင်ရေးကိုလည်း ဆက်လက် လုပ်ဆောင် နေကြောင်း၊ မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံ ကုန်သွယ်သည့် သွင်းကုန်လိုင်စင် လျှောက်ထားရမည့် လုပ်ငန်း များကိုလည်း ထပ်မံလျှော့ချ ပေးမည်ဖြစ်ပြီး အလားတူ ပို့ကုန်လိုင်စင် လျှောက်ထားနိုင်သည့် ကုန်ပစ္စည်းများကိုလည်း လျှော့ချပေးမည် ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် နိုဝင်ဘာလမှစ၍ ပို့ကုန်၊ သွင်းကုန် လိုင်စင်များ ခွင့်ပြုချက် ထုတ်ပေးရာတွင် ကုန်သွယ်မှု လျင်မြန်ချောမွေ့ စေရန်နှင့် ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းများ ဥပဒေနှင့် အညီ ဆောင်ရွက်နိုင်ရန် ဖြေလျှော့မှုများနှင့် လိုင်စင်များ ထုတ်ပေးနေကြောင်း သိရသည်။

ထို့ကြောင့် ပြည်ပကုန်သွယ်မှု လုပ်ငန်း တိုးတက်လာစေရန် ပို့ကုန်ပိုင်းများတွင် လိုင်စင်မလျှောက် ရမည့်စာရင်းကို မကြာမီ ထုတ်ပြန်နိုင်ရန် စီစဉ်နေပြီး လုပ်ငန်းအမျိုးအစား လျော့သွားရန် ရှိနေကြောင်း၊ သွင်းကုန်အတွက် လိုင်စင်လုပ်ရမည့် စာရင်းများကို ထုတ်ပြန်ပေးပြီး ဖြစ်ရာ ပို့ကုန်အတွက် လိုင်စင်လျှောက်ရမည့် လုပ်ငန်းများ အမည်ကိုလည်း မကြာမီထုတ်ပြန် ပေးမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ပို့ကုန်အတွက် လိုင်စင် လျှောက်ရသည့် လုပ်ငန်းပေါင်း ၉၈၃ ခုရှိပြီး သွင်းကုန်အတွက် လိုင်စင်လျှောက် ရသည့် လုပ်ငန်းပေါင်း ၅ဝဝဝ ကျော်ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment