Pages

Thursday, November 24, 2016

မော်တောင်း နှင့် တာလုံကြားတစ်ဝိုက်၌ သွားလာလျက်ရှိသည့် ယာဉ်များအား KIA, TNLA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များမှ လမ်းပိတ်ဆို့ဖျက်ဆီး



နေပြည်တော် ၊ ၂၄-၁၁-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသ မူဆယ်မြို့နယ်၊ မော်တောင်းကျေးရွာ နှင့် တာလုံကျေးရွာ ကြားတစ်ဝိုက်၌ သွားလာလျက် ရှိသည့် ယာဉ်ကြီး/ယာဉ်ငယ် ၁ဝဝ စီးခန့်အား ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် KIA, TNLA အကြမ်းဖက် သောင်းကျန်းသူများ ပူးပေါင်းအဖွဲ့ အင်အား ၇ဝ ဦးခန့်က လမ်းကြောင်းပိတ်ဆို့ တားဆီးပြီး ယာဉ်မောင်းများအား ရိုက်နှက် ခြိမ်းခြောက်ခြင်း၊ ယာဉ်အချို့၏ ရှေ့လေကာမှန် များအား ရိုက်ခွဲဖျက်ဆီး ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းများက အဆိုပါနေရာအား သွားရောက်ရှင်းလင်း ခဲ့ရာ ရန်သူသည် အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။

တပ်မတော် စစ်ကြောင်းများမှ လမ်းကြောင်း ပိတ်ဆို့နေသည့် ယာဉ်များအား သွားရောက် ရှင်းလင်း ဆောင်ရွက်ခဲ့ပြီး အဆိုပါ ဝန်းကျင်တစ်ဝိုက် နယ်မြေ ရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment