Pages

Thursday, November 24, 2016

တပ်မတော်လုံခြုံရေးစခန်းကုန်း များအား KIA, TNLA နှင့် MNDAA သောင်းကျန်းသူအဖွဲ့ များက လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်


နေပြည်တော် ၊ ၂၄-၁၁-၂၀၁၆

မူဆယ်မြို့နယ် မုံးကိုးမြို့ ရပ်ကွက်(၃) ရှိ တပ်မတော်လုံခြုံရေး စခန်းကုန်း များအား KIA, TNLA နှင့် MNDAA လက်နက်ကိုင် အဖွဲ့များက နိုဝင်ဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီက လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်မှုကြောင့် တပ်မတော် စစ်ကြောင်းများမှ ပြန်လည်ပစ်ခတ် ရှင်းလင်းခဲ့ရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

အလားတူ ည ၁ဝ နာရီ မိနစ်၂ဝ ခန့်တွင် ကွတ်ခိုင်မြို့ ရပ်ကွက်(၂) ဘောလုံးကွင်း အနီးရှိတောစပ် နေရာမှ လက်နက်ကြီးဖြင့် လာရောက် ပစ်ခတ်ခဲ့ရာ တပ်မတော်မှ ပြန်လည်ပစ်ခတ် နယ်မြေရှင်းလင်း ဆောင်ရွက်
ခဲ့ကြောင်း အဆိုပါ သတင်း ထုတ်ပြန်ချက် တွင်ပါရှိသည်။

မုံးကိုးမြို့ အနောက်တောင်ဘက် မန်ကန် (မုံးကိုး) ကျေးရွာအနီး တောင်ကြော နေရာများရှိ KIA, TNLA နှင့် MNDAA လက်နက်ကိုင် အဖွဲ့များကို လေကြောင်းမှ ပစ်ခတ်ရှင်းလင်း ခဲ့ရကြောင်းသိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment