Pages

Thursday, November 24, 2016

KIA နှင့် TNLA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့က ကွတ်ခိုင်တပ်နယ် အတွင်းသို့ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်



နေပြည်တော် ၊ ၂၄-၁၁-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ ကွတ်ခိုင်မြို့၊ အမှတ်(၂)ရပ်ကွက် ဘောလုံးကွင်း အနီးရှိ တောစပ်နေရာမှ KIA နှင့် TNLA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့က နိုဝင်ဘာ ၂၂ ရက် ည ၁ဝ နာရီ ၂ဝ မိနစ်ခန့်တွင် ကွတ်ခိုင်တပ်နယ် အတွင်းသို့ လက်နက်ကြီး များဖြင့် လာရောက် ပစ်ခတ်ရာ တပ်မတော် စစ်ကြောင်းများက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ရန်သူ၏ ပစ်ခတ်မှု ရပ်တန့်သွား ခဲ့သည်။

ဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိ ဘဲ အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်း အဖွဲ့၏ ပစ်ခတ်မှုများကြောင့် နယ်မြေခံ တပ်ရင်းအနီးရှိ ပြောင်းခင်း အတွင်းသို့ ဗုံးသီး နှစ်လုံးကျရောက် ပေါက်ကွဲခဲ့ပြီး တပ်မတော် စစ်ကြောင်းများက အကြမ်းဖက် သောင်းကျန်းသူများ ဆုတ်ခွာရာနောက်သို့ လိုက်လံ နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment