Pages

Thursday, November 24, 2016

အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များမှ ကောင်းကပ်ကျေးရွာ အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံး တစ်ဦးဒဏ်ရာရရှိ



နေပြည်တော် ၊ ၂၄-၁၁-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသ နမ့်ခမ်းမြို့နယ်၊ နမ့်ခမ်းမြို့၏ အနောက်တောင် ဘက် ၅ မိုင်ခန့်အကွာရှိ ဟိုနားရွာ မှနေ၍ ကောင်းကပ်ရွာသို့ ယမန်နေ့ ညနေ ၃ နာရီခန့်တွင် အကြမ်းဖက် သောင်းကျန်းသူ များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ကောင်းကပ်ရွာ၊ ရပ်ကွက် (၁)ရှိ စာသင်ကျောင်း အနီး ကျရောက် ပေါက်ကွဲ ခဲ့သဖြင့် စာသင်ကျောင်း အနီး နေထိုင်သူ ဒေသခံ အပြစ်မဲ့ပြည်သူ များဖြစ်သည့် ဦးပြည်ခိုက်ဖင် နှင့် သားဖြစ်သူ မောင်လောက်စော တို့နှစ်ဦးအား လက်နက်ကြီးစများ ထိမှန်၍ နေရာတွင်ပင် သေဆုံးခဲ့ပြီး အနီးရှိ မောင်လောက်ကိုင် အား လက်နက်ကြီးစ ထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ လက်နက်ကြီးစ ထိမှန်ဒဏ်ရာ ရရှိသူ မောင်လောက်ကိုင် အား နမ့်ခမ်း မြို့နယ် ပြည်သူ့ဆေးရုံ သို့ ပို့ဆောင် ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment