Pages

Tuesday, November 1, 2016

Johnson & Johnson ပေါင်ဒါ သားဥအိမ်ကင်ဆာ ဖြစ်ပွားနိုင်သည့် စွဲချက်ရှုံးနိမ့်



နယူးယောက် ၊ ၁-၁၁-၂၀၁၆

ကမ္ဘာကျော် ကလေးပေါင်ဒါ Johnson & Johnson ကို အမျိုးသမီးများ ကလည်း စွဲမက်စွာ သုံးစွဲလေ့ရှိရာ အမျိုးသမီး အင်္ဂါ အနံ့အသက် ပျောက်စေရေး အတွက် ပုံမှန် အသုံးပြုပါက သားဥအိမ်ကင်ဆာ ဖြစ်ပွားနိုင်သည် ဟူသည့်စွဲချက် ကို ၄င်းကုမ္ပဏီက တတိယ အကြိမ်မြောက် ဖြေရှင်းနေရပြီး ယခုတစ်ကြိမ် တွင်လည်း အမှုရှုံးနိမ့်၍ ဒေါ်လာ သန်းပေါင်းများစွာ ကိုပေးလျော် နေရကြောင်း သိရသည်။

အမေရိကန်နိုင်ငံ စိန့်လူးဝစ် ပြည်နယ် တရားရုံးက ကယ်လီဖိုးနီးယား ပြည်နယ်၊ မိုဒက်စတိုမြို့သူ ဒီဘိုရာဆိုသူ ကို ကုမ္ပဏီ အနေဖြင့် အမေရိကန်ဒေါ်လာ ၇ဝ ဒသမ ၁ သန်း ပေးလျော်စေရန် အမိန့်ချမှတ် ခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းတွင် သားဥအိမ် ကင်ဆာအဆင့် မြင့်မားစွာ ဖြစ်ပွားနေသည်ကို ၂ဝ၁၂ ခုနှစ်က စမ်းသပ်တွေ့ ရှိ ခဲ့ကြောင်း၊ ၄င်းသည် ထိုစဉ်က အသက် ၅၉ နှစ်ဖြစ်ပြီး Johnson & Johnson ကလေးပေါင်ဒါ ကို တစ်ကိုယ်ရေ သန့်ရှင်းမှု အတွက် နှစ်ပေါင်း ၄ဝ ထက်မနည်း အသုံးပြုခဲ့ သူဖြစ်ကြောင်း၊ Johnson & Johnson ကုမ္ပဏီသည် အသုံးပြုသူ များ၏ ကျန်းမာရေး အန္တရာယ် ဖြစ်ပွား နိုင်သည်ကို သိလျက်နှင့် လျစ်လျူရှု သည်ဟု စွပ်စွဲကာ ကုမ္ပဏီကို တရားစွဲဆို ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စိန့်လူးဝစ် ပြည်နယ်တွင် ယခုနှစ်အတွင်း Johnson & Johnson ပေါင်ဒါကုမ္ပဏီကို တရားစွဲဆိုမှု နောက်ထပ် နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ကုမ္ပဏီသည် ထိုစဉ်ကလည်း ၇၂ သန်းနှင့် ၅၅ သန်း အသီးသီး ပေးလျော် ခဲ့ရကြောင်း၊ သို့သော် ၄င်းကုမ္ပဏီ ရုံးစိုက်ရာ နယူးဂျာစီ ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တရားစွဲဆိုမှု နှစ်ခုတွင် ၄င်းပေါင်ဒါတွင် ပါဝင်သော Talc ကြောင့် သားဥအိမ် ကင်ဆာကို ဖြစ်စေသည် ဟူသည်မှာ အထောက်အထား ခိုင်လုံမှု မရှိဟု ဆိုကာ တရားစွဲဆိုမှုကို ပယ်ချခဲ့ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment