Pages

Tuesday, November 1, 2016

ကမ္ဘာကို ရက်ပိုင်းအတွင်း အနီးကပ်ဖြတ်သန်း သွားမည့် ဥက္ကာခဲကြီးတစ်လုံးကို သတိပေးစနစ်သစ်ဖြင့် တွေ့ရှိခဲ့



ဝါရှင်တန် ၊ ၁-၁၁-၂၀၁၆

ကမ္ဘာသို့ ချဉ်းကပ်လာသော အာကာသ အရာဝတ္ထု များကို အချိန်မီ ရှာဖွေတွေ့ရှိ ဖော်ထုတ် ဖျက်ဆီးနိုင်ရန် နာဆာက တည်ဆောက်လျက် ရှိသော ကျူးကျော် ဝင်ရောက်မှု သတိပေး စနစ်သစ်ဖြင့် ကမ္ဘာကို ရက်ပိုင်းအတွင်း အနီးကပ် ဖြတ်သန်းသွားမည့် ဥက္ကာခဲကြီး တစ်လုံးကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သတိပေး စနစ်သစ်ကို Scout ဟု အမည်ပေးထားပြီး ကွန်ပျူတာဖြင့် အစအဆုံး ထိန်းချုပ်ရကြောင်း၊ နာဆာ၏ ကယ်လီဖိုးနီးယား ပြည်နယ်၊ ပါစာဒီနာမြို့ရှိ Jet Propulsion သုတေသနဌာန တွင် ထားရှိကာ စမ်းသပ် မောင်းနှင် နေခဲ့ခြင်း ဖြစ်ကြောင်း၊ Scout သည် အာကာသထဲသို့ ထိုးချိန်ထားသော တယ်လီစကုပ်များ အားလုံးကို စဉ်ဆက်မပြတ် ဖတ်ရှုနေပြီး ထူးခြားဖြစ်စဉ်ကို မြင်တွေ့ရလျှင် ချက်ချင်း သတိပေးမည့် စနစ်တစ်ခု ဖြစ်ကြောင်း၊ ထို့ပြင် ၄င်း အရာဝတ္ထုသည် ကမ္ဘာနှင့် မည်မျှနီးကပ်စွာ ဖြတ်သွားမည်၊ မည်သည့်နေရာမှ ဖြတ်သွားမည်၊ ကမ္ဘာနှင့် ဝင်ရောက် တိုက်မိနိုင်ခြေ မည်မျှရှိသည် တို့ကို အမြန်ဆုံး တွက်ချက် ဖော်ပြပေးမည် ဖြစ်ကြောင်း နာဆာ သုတေသီ တစ်ဦး က ပြောပြသည်။

''တယ်လီစကုပ် တစ်ခုက လှုပ်ရှားနေတဲ့ အရာဝတ္ထုတစ်ခု ကိုတွေ့လိုက်ရင် ရွေ့လျားနေတဲ့ အစက်အပြောက် တစ်ခုထက်ပိုပြီး ဘာမှ မသိနိုင်ပါဘူး။ ဘယ်လောက် ဝေးသလဲ။ ဘယ်လောက် ကြီးသလဲ။ ဘယ်ကို ဖြတ်သွားမှာလဲ ဘာဆိုဘာမှ မသိရပါဘူး။ အဲဒီ အချိန်မှာ တယ်လီစကုပ်တွေ အများကြီးနဲ့ ဝိုင်းထိုးပြီး ကြည့်ရပါတယ်။ တယ်လီစကုပ် များလေ သတင်း အချက်အလက် ရနိုင်ခြေ များလေ ဖြစ်ပါတယ်။ အဲဒီရရှိတဲ့ သတင်း အချက်အလက်  တွေကို ပေါင်းစပ်ပြီးတော့ ရွေ့လျားနေတဲ့ အရာဝတ္ထုဟာ ဥက္ကာခဲလား။ ကြယ်တံခွန်လား။ တခြား တစ်ခုခုလား။ ဘယ်လောက် ကြီးသလဲ။ ဘယ်လမ်းကြောင်း အတိုင်း ဘယ်လောက် အမြန်နှုန်းနဲ့ ဦးတည်နေသလဲ ဆိုတာတွေကို ဖော်ထုတ်နိုင်တာ ဖြစ်ပါတယ်'' ဟု နာဆာ သုတေသီ တစ်ဦးက ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment