Pages

Friday, November 4, 2016

ပုလဲကျွန်းအနီး ပင်လယ်ပြင်အတွင်း ငါးဖမ်းစက်လှေတစ်စင်း မီးလောင်နစ်မြုပ်


တပ်မတော်(ရေ)မှ စစ်ရေယာဉ်က မီးလောင်နစ်မြုပ်ခဲ့သည့် ငါးဖမ်းစက်လှေကို 
ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်

နေပြည်တော် ၊ ၄-၁၁-၂၀၁၆

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့မှ ပင်လယ်ပြင် အတွင်း ငါးဖမ်းရန် ထွက်ခွာလာသည့် အောင်လှစိန် အမည်ရှိ ငါးဖမ်းစက်လှေ သည် ယမန်နေ့နံနက် ၉ နာရီ မိနစ် ၂ဝ တွင် ပုလဲကျွန်း၏ အနောက်ဘက် ၆ မိုင်ခန့် (ဘုတ်ပြင်းမြို့၏ အနောက်ဘက် ၃၈ မိုင်ခန့်အကွာ) ပင်လယ်ပြင်၌ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းအရ တပ်မတော်(ရေ) မှ စစ်ရေယာဉ် တစ်စင်းဖြင့် သွားရောက်၍ မီးလောင် နစ်မြုပ်ခဲ့သည့် ငါးဖမ်းစက်လှေ ပေါ်ပါ လှေသား ၂၅ ဦးအား ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ကူညီ ဆောင်ရွက်ပေး နိုင်ခဲ့သည်။

အဆိုပါ ငါးဖမ်း စက်လှေသည် အောက်တိုဘာ ၁၉ ရက်တွင် မြိတ်မြို့မှ ထွက်ခွာလာပြီး အရှေ့ စူလာကျွန်း နှင့် အနောက် စူလာကျွန်း အနီး ပင်လယ်ပြင်၌ ငါးဖမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သားအဖကျွန်း အနီးသို့ ရောက်ရှိစဉ် စက်ခန်းအတွင်းရှိ ဆီသိုလှောင်ကန်မှ ဆီများ ယိုစိမ့်မှုကြောင့် စက်မကြီး၏ TURBO ပေါ်သို့ ဆီများကျ၍ မီးလောင်ကျွမ်း နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment