Pages

Friday, November 4, 2016

မောင်တောမြို့နယ် နူရှုလာရဲကင်းစခန်းအား လက်နက်ငယ်ဖြင့် လာရောက်ပစ်ခတ်


မောင်တော ၊ ၄-၁၁-၂၀၁၆

မောင်တောမြို့မှ ၃ မိုင်ခန့်အကွာရှိ နူရူလာ ရဲကင်းစခန်းကို ယမန်နေ့ညနေ ၅ နာရီမိနစ် ၅ဝ ခန့်က လက်နက်ငယ် များဖြင့် လာရောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရဲကင်းစခန်းရှေ့ ကင်းသမားနှစ်ဦး ကင်းစောင့်နေသည့် နေရာအနီးသို့ ဆိုင်ကယ် သုံးစီးဖြင့် လူများ ရောက်ရှိလာပြီး လက်နက်ငယ် များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ငယ် ပစ်ခတ်သံကြောင့် ကင်းစခန်း အတွင်းရှိ တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် ခဲ့သဖြင့် လက်နက်ငယ်ဖြင့် လာရောက် ပစ်ခတ်သူများမှာ ဆိုင်ကယ်များ ထားရစ်ပြီး ဒဏ်ရာ များ ရရှိကာ ဆုတ်ခွာထွက်ပြေး သွားကြောင်း၊ အဆိုပါ ပစ်ခတ်ခံ ရမှုကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးပြီး ကျန်တပ်ဖွဲ့ဝင် တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

လာရောက် ပစ်ခတ်သူများ ကျန်ရစ်ခဲ့သည့် ဆိုင်ကယ် များနှင့်အတူ ဓာတ်ဆီ ထည့်ထားသည့် လက်လုပ်ဗုံး တစ်လုံးနှင့် ပစ္စတိုအိတ် အလွတ်လေးခု တို့ကိုလည်း သိမ်းဆည်း ရမိကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment