Pages

Friday, November 4, 2016

ဖားကန့်မြို့နယ် ရှိ ရတနာရောင်ခြည် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီမှ ဂိုဒေါင်များနှင့် မော်တော်ယာဉ်များအား KIA လက်နက်ကိုင် အဖွဲ့ကမီးရှို့ဖျက်ဆီး


သိမ်းဆည်းရမိ ဒေသန္တရ လက်လုပ်မိုင်းများကို တွေ့ရစဉ်

KIA လက်နက်ကိုင်အဖွဲ့မှ ရတနာရောင်ခြည် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီရုံးဝင်းအား မီးရှို့ဖျက်ဆီးမှုကို တွေ့ရစဉ်

နေပြည်တော် ၊ ၄-၁၁-၂၀၁၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မရှီကထောင် အုပ်စု၊ ထုံးဘိုရပ်ကွက် ရှိ ရတနာရောင်ခြည် ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီ ရုံးဝင်းရှေ့သို့ နိုဝင်ဘာ ၂ ရက် ည ၆ နာရီ ၁၅ မိနစ်ခန့်တွင် လက်နက်ငယ် ကိုယ်စီ ကိုင်ဆောင်၍ အရပ်ဝတ်များ ဝတ်ဆင်ထားသည့် KIA လက်နက်ကိုင် အဖွဲ့မှ အင်အား ၂ဝ ဦးခန့်က ကုမ္ပဏီဂိတ်စောင့် ဝန်ထမ်းဖြစ်သူ ဦးသိန်းအောင် အား ပစ္စတိုဖြင့် ချိန်ရွယ်ကာ ကုမ္ပဏီရုံးခန်းသို့ ပို့ဆောင်ရန် ခိုင်းစေခဲ့သည်။

ထို့နောက် ရုံးခန်းရှိ ဝန်ထမ်းများအား ရုံးခန်းရှေ့ မြေကွက်လပ်၌ မှောက်ခိုင်းပြီး ရုံးခန်းရှိ မှန်တံခါးနှင့် မျက်နှာကြက် များအား ရိုက်ခွဲဖျက်ဆီးကာ ဂိုဒေါင်၊ ဝန်ထမ်းဆောင် တစ်လုံးနှင့် ရုံးဝင်းအတွင်း ရပ်ထားသည့် ဗွီဂို အမျိုးအစား မော်တော်ယာဉ် သုံးစီးတို့အား အသင့်ယူဆောင် လာသည့် ဓာတ်ဆီပုံး လေးပုံး ဖြင့်ပက်ဖျန်း၍ ဒေသန္တရ လက်လုပ်မိုင်းများ ဖြင့် ပစ်ပေါက် မီးရှို့ဖျက်ဆီး ခဲ့ပြီး ကုမ္ပဏီမှ ယာဉ်မောင်း ဦးစိုင်းစံသိန်း အား ရိုက်နှက်ခဲ့၍ ည ၇ နာရီ ၁ဝ မိနစ်တွင် ဆိုင်းတောင် ရွာဟောင်းဘက် သို့ ပြန်လည် ထွက်ခွာ သွားသည်။

အဆိုပါ မီးလောင်ရာ နေရာသို့ တပ်မတော်သားများ၊ မီးသတ် တပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မီးသတ်ယာဉ် ၁ဝ စီး၊ ရေသယ်ယာဉ် ၁၂ စီးတို့ဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ ည ၁ဝ နာရီခွဲ ခန့်တွင် မီးငြိမ်း သွားခဲ့ပြီး တပ်မတော် စစ်ကြောင်းက မပေါက်ကွဲ သေးသော ဒေသန္တရ လက်လုပ်မိုင်း ကိုးလုံးအား သိမ်းဆည်းရမိ ခဲ့သည်။

KIA လက်နက်ကိုင် အဖွဲ့၏ မီးရှို့ဖျက်ဆီး မှုကြောင့် ယန္တရား အပိုပစ္စည်း ထားသည့် သွပ်မိုးပျဉ်ကာ ဂိုဒေါင် တစ်လုံး၊ အလုပ်သမား ကြီးကြပ်ဆောင် တစ်လုံး၊ မော်တော်ယာဉ် လေးစီး၊ တာယာမျိုးစုံ ၂ဝဝ လုံးတို့ ပျက်စီးခဲ့ပြီး အပြစ်မဲ့ပြည်သူ တစ်ဦး ဒဏ်ရာရရှိ ခဲ့သည်။

အဆိုပါ နေရာတစ်ဝိုက် အား တပ်မတော် စစ်ကြောင်းက နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment