Pages

Thursday, November 3, 2016

၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် တောင်ကိုရီးယား အကူအညီဖြင့် တွံတေးတူးမြောင်း အဆင့်မြှင့်တင်ရေး လုပ်ငန်း စတင်မည်



ရန်ကုန် ၊ ၃-၁၁-၂၀၁၆

၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ တွံတေး တူးမြောင်း အဆင့်မြှင့်တင်ရေး လုပ်ငန်းကို တောင်ကိုရီးယား နိုင်ငံ၏ ချေးငွေ အမေရိကန် ဒေါ်လာ ၆၁ ဒသမ ၃ သန်းဖြင့် စတင်နိုင်မည် ဖြစ်ကြောင်း ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

နှစ် ၁ဝဝ ကျော် သက်တမ်းရှိ တွံတေး တူးမြောင်းကို အဆင့်မြှင့်တင် ရာတွင် ခနောင်တိုချောင်း နှင့် တွံတေးတူးမြောင်း ဆုံသည့်နေရာ ဇီးရိုးမိုင်ရှိ အောက်ခြေ ကြမ်းပြင်ကို ဖို့ခြင်း၊ ကမ်းပါး တိုက်စားခြင်းကို ကာကွယ်ရန် ကမ်းထိန်း နံရံများ ပြုလုပ်ခြင်း နှင့် တူးမြောင်း တစ်လျှောက်ရှိ ကျေးရွာငယ် များ ရေကြီး နစ်မြုပ်မှုမှ ကာကွယ်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရန်ကုန်မြစ်ဝဘက်  အောက်ခြေမှ စတင် လုပ်ဆောင်သွားမည် ဖြစ်ပြီး ရေဝင်ရောက်ခြင်း မရှိစေရန် တာများဖြင့် တားဆီး သွားမည် ဖြစ်ကာ တူးမြောင်းအပြင် ခနောင်တိုချောင်း ကိုပါ အဆင့် မြှင့်တင်မည် ဖြစ်ကြောင်း သိရသည်။

''လက်ရှိ လျာထားချက် အရ ဇီးရိုးမိုင် ကနေ လေးမိုင်လောက် အထိ ပြင်ဆင်လို့ ရပါမယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်ကျော်မှူး က ပြောသည်။

၁၈၇၃ ခုနှစ်တွင် ပသီ ချောင်းဖျားနှင့် အရှေ့ဘက် ခနောင်တို ချောင်းဖျားကို မူလရှိပြီးသား ငွေပန်းစုရိုးငယ် နှင့် ဆက်စပ်၍ တွံတေးတူးမြောင်း ဖောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ၂၅ မိုင် ရှည်လျားကြောင်း သိရသည်။ (နေနေ)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment