Pages

Thursday, November 3, 2016

၂၀၁၇ ခုနှစ်အတွင်း သွားရောက်လည်ပတ်သင့်သည့် ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံက အဆင့်(၉)နေရာ၌ သတ်မှတ်ခံရ



ရန်ကုန် ၊ ၃-၁၁-၂၀၁၆

လူသိများသော ခရီးသွား လမ်းညွှန်တစ်ခု ဖြစ်သည့် Lonely Planet ၏ ဖော်ပြချက်အရ ၂ဝ၁၇ ခုနှစ် အတွင်း သွားရောက် လည်ပတ်သင့်သည့် ထိပ်တန်း ၁ဝ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံက အဆင့် (၉) နေရာ၌ သတ်မှတ်ခံထား ရကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ်၏ သွားရောက် လည်ပတ်သင့်သော ထိပ်တန်း ၁ဝ နိုင်ငံ စာရင်းတွင် အကောင်းဆုံး နိုင်ငံအဖြစ် ကနေဒါနိုင်ငံ က ပထမနေရာမှ စာရင်းဝင်ခဲ့ပြီး ကမ္ဘောဒီးယား၊ ဖင်လန်၊ ဒိုမေနီကန်၊ နီပေါ၊ ဘာမြူဒါ၊ မွန်ဂိုလီးယား၊ အိုမန်၊ မြန်မာနှင့် အီသီယိုးပီးယား နိုင်ငံတို့က အစဉ်လိုက် ရပ်တည် နေသည်။

Lonely Planet က အရှေ့တောင် အာရှ၏ အလျှို့ဝှက်ဆုံး နိုင်ငံသည် ခရီးသွား အများအပြား လာရောက်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ လာရောက်ရာတွင် အခက်အခဲ တချို့ ရှိသော်လည်း ယင်း အခက်အခဲ ကပင် ဆွဲဆောင်မှု တစ်ခုအဖြစ် ရှိနေကြောင်း၊ စည်းချက်ညီစွာ ကြားနေရသည့် ဘုန်းတော်ကြီး များ၏ တရားဟောသံ နှင့် ဘုန်းတော်ကြီး ကျောင်းများမှ ခေါင်းလောင်းထိုးသံ များကြား သွားလာ လှုပ်ရှားရသည့် နေရာတစ်ခု ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ၌ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ အဓိက သွားရောက် ကြသည့်နေရာ များမှာ ပုဂံ၊ မန္တလေး၊ အင်းလေး၊ ရန်ကုန်နှင့် ပင်လယ်ကမ်းခြေ ဒေသများဖြစ်ပြီး ယင်းနေရာ များသည် ယခုအချိန်ထိ လူကြိုက်များ နေသည့် နေရာများဖြစ်ကာ မြစ်တွင်းစီး သင်္ဘောများနှင့် ခရီးသွားခြင်း၊ မီးပုံးပျံ စီးနင်းခြင်း အစရှိသည့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း များသည်လည်း ယခုနှစ်အတွင်း လူကြိုက်များ လာနိုင်ကြောင်း မြန်မာ့ ခရီးသွားလုပ်ငန်း ဈေးကွက် မြှင့်တင်ရေး ကော်မတီမှ သိရသည်။

မြန်မာနိုင်ငံ၌ နိုင်ငံခြား ခရီးသွားများအား ဆွဲဆောင်နိုင်သည့် လှပ ထူးခြားသော နေရာ အများအပြား ရှိသော်လည်း ၄င်းနေရာများ၌ ပညာပေး အစီအစဉ် များလည်း လိုအပ်မည် ဖြစ်ပြီး ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသည့် အန္တရာယ် များကိုလည်း ဖြေရှင်းရမည် ဖြစ်ကြောင်း မြန်မာ့ ခရီးသွားလုပ်ငန်း ဈေးကွက် မြှင့်တင်ရေး ကော်မတီ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ (၄၄၇)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment