Pages

Friday, November 25, 2016

အကြမ်းဖက်သောင်းကျန်းသူ များက ကွတ်ခိုင်မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်



နေပြည်တော် ၊ ၂၅-၁၁-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသရှိ ကွတ်ခိုင်မြို့ အတွင်း ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် သောင်းကျန်းသူ များက လက်နက်ကြီးဖြင့် နှစ်ချက် လာရောက် ပစ်ခတ်သဖြင့် တပ်မတော် စစ်ကြောင်း များက လက်နက်ကြီး များဖြင့် ပြန်လည်ပစ်ခတ် ခဲ့သည်။

ဖြစ်စဉ်တွင် ရန်သူပစ်ခတ် လိုက်သည့် ဗုံးသီးများမှာ ကွတ်ခိုင်မြို့၏ သုသာန်နေရာနှင့် အိုရီယမ်တယ် တိုးဂိတ် ကုမ္ပဏီနေရာ အနီးတွင် ကျရောက်ပေါက်ကွဲ ခဲ့ပြီး လူထိခိုက် ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရှိရသည်။

အဆိုပါနေရာနှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment