Pages

Friday, November 25, 2016

TNLA အကြမ်းဖက်သောင်းကျန်းသူ များက ခရီးသွားယာဉ်များအား ဖျက်ဆီး ၊ အရပ်သားတစ်ဥိးအား အကြောင်းမဲ့ သတ်ဖြတ်


TNLA အကြမ်းဖက်သောင်းကျန်းသူ များ ဖျက်ဆီးထားသည့် ယာဉ်တစ်စီးကို တွေ့ရစဉ်


နေပြည်တော် ၊ ၂၅-၁၁-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသ၊ မူဆယ်မှ ကွတ်ခိုင် သို့ ကုန်စည်များ တင်ဆောင် မောင်းနှင်လာသည့် CANTER အမျိုးအစား ခြောက်ဘီးယာဉ် သည် ယမန်နေ့နံနက် ၁၁ နာရီ ၅ဝ မိနစ်တွင် မိုင်တိုင်အမှတ် ၂၃၃ အနီးသို့ ရောက်ရှိစဉ် TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့က လက်နက်ငယ် များဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အသက် ၄၅ နှစ်ခန့်ရ ယာဉ်နောက်လိုက်( စိစစ်ဆဲ)မှာ ဦးခေါင်းတွင် ကျည်ထိမှန် သေဆုံးခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေး လွတ်မြောက် သွားကြောင်း သိရှိရသည်။

ထို့အတူ ယာဉ်မောင်း ဇာနည်စိုးနှင့် ယာဉ်နောက်လိုက် သူရမောင် တို့သည် HINO အမျိုးအစား ခြောက်ဘီးယာဉ်ဖြင့် နမ့်ကွတ်မှ ကွတ်ခိုင်သို့ ပြန်လည် မောင်းနှင်လာရာ နိုဝင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် မိုင်တိုင်အမှတ် ၂၂၄ အနီးသို့ ရောက်ရှိစဉ် TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့က ယာဉ်အား လမ်းပိတ်ဆို့ စေရန် လမ်းပေါ် ကန့်လန့်ဖြတ် ရပ်တန့်စေပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တို့အား မောင်းထုတ်၍ မော်တော်ယာဉ် အား လက်နက်ငယ်များ၊ လက်ပစ်ဗုံးများဖြင့် ပစ်ခတ် ဖျက်ဆီး ခဲ့သည်။

TNLA အကြမ်းဖက် သောင်းကျန်းသူ များသည် လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းပေါ်တွင် လမ်းတံတားများအား ဖောက်ခွဲ ဖျက်ဆီးခြင်း၊ လမ်းကြောင်းအား နည်းလမ်း အမျိုးမျိုးဖြင့် ပိတ်ဆို့ခြင်း၊ လမ်းကြောင်း ပေါ်တွင် သွားလာနေသည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၊ အပြစ်မဲ့ပြည်သူ များအား အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်ခြင်း၊ ယာဉ်များအား ပစ်ခတ် ဖျက်ဆီးခြင်းများ ပြုလုပ်နေခြင်း တို့ကြောင့် တပ်မတော် စစ်ကြောင်းများက နေ့ညမပြတ် လိုက်လံ၍ နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment