Pages

Monday, September 26, 2016

ဝါးဖြင့်ပြုလုပ်သော တန်ဖိုးမြင့်ပစ္စည်းများ ထုတ်လုပ်ရန် ၀ါးစိုက်ခင်းများ လိုအပ်



ရန်ကုန် ၊ ၂၆-၉-၂၀၁၆

မြန်မာနိုင်ငံ၌ ဝါးဖြင့် ပြုလုပ်သော တန်ဖိုးမြင့် ပစ္စည်းများ ထုတ်လုပ်မည် ဆိုပါက သဘာဝအတိုင်း ပေါက်သည့် ဝါးပင်များနှင့် မလုံလောက်ဘဲ အရည်အသွေးမြင့် ဝါးကုန်ကြမ်းများ ရရှိရန် ဝါးစိုက်ခင်း များ လိုအပ်ကြောင်း မြန်မာနိုင်ငံ ကြိမ်နှင့်ဝါး လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးကျော်သူ ထံမှ သိရသည်။

ဝါးစိုက်ပျိုးရန် မြေနေရာ၊ နည်းပညာ၊ ဒီဇိုင်းနှင့် စိတ်ကူး စသည့် လိုအပ်ချက်များ ရှိသဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင် များနှင့် အစိုးရတို့ ပူးပေါင်း လုပ်ဆောင်ရန် လိုအပ်သည်။

'' ဝါးစိုက်ပျိုးဖို့ စိတ်ကူး၊ ဒီဇိုင်းနဲ့ နည်းပညာတွေ လိုပါတယ်။ နောက်မြေ နေရာလည်း အပါအဝင်ပေါ့။ တစ်ယောက်ကောင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးရုံနဲ့ မဖြစ်နိုင်ဘူး။ အစိုးရရယ်၊ ပြည်သူရယ်၊ ပုဂ္ဂလိကရယ် သုံးဦးပူးပေါင်း လုပ်ဆောင်မှ အောင်မြင် နိုင်တဲ့ စီမံကိန်းတွေ ဖြစ်လာမှာပါ'' ဟု ဦးကျော်သူ က ပြောသည်။

လက်ရှိတွင် ပြည်ပနိုင်ငံ များ၌ ဝါးဖြင့် ပြုလုပ်သည့် လူသုံးကုန် ပစ္စည်းများ သာမက အဝတ်အထည် များနှင့် အလှကုန် ပစ္စည်းများ အစရှိသည့် အမျိုးအစားပေါင်း ၂ဝဝဝ ကျော်ကို တွင်ကျယ်စွာ ထုတ်လုပ် အသုံးပြုလျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ဈေးကွက်ဝင် ဝါးအမျိုးအစား ပေါင်း၂၈ မျိုးရှိပြီး ပေါက်ရောက် သည့်ဒေသ မတူညီသဖြင့် လက်မှုပစ္စည်းများ ပြုလုပ် ရာတွင်လည်း အသုံးပြုသော ဝါးကုန်ကြမ်း မတူညီကြောင်း မြန်မာနိုင်ငံ ကြိမ်နှင့်ဝါး လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

ဆုလာဘ်

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment