Pages

Tuesday, September 27, 2016

ပြည်တွင်း၌ ကလေးလုပ်သား ပပျောက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် လိုအပ်နေ



ရန်ကုန် ၊ ၂၇-၉-၂၀၁၆

ပြည်တွင်း၌ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာခြင်း နှင့်အတူ ကလေးလုပ်သား ပပျောက်ရေး ကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်နှင့် နိုင်ငံတကာ အလုပ်သမား အခွင့်အရေး ကာကွယ်ရေး အဖွဲ့များက တိုက်တွန်း ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ငါးနှစ်တာ ကာလအတွင်း ပြည်တွင်း၌ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာပြီး အခကြေးငွေ ပေးရာတွင် သက်သာသည့် ကလေးလုပ်သားများ အသုံးပြုမှု များလည်း မြင့်တက် လာသည်ဟု သတိပေးမှုများ ပေါ်ထွက်ခဲ့သည်။ ထို့ကြောင့် နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်နှင့် ကလေးလုပ်သား ပပျောက်ရေး အတွက် ဖော်ဆောင်မည့် သဘော တူညီမှုများကို လက်မှတ် ရေးထိုးရန် စီစဉ်ပြီး ဖြစ်သည်။

မြန်မာနိုင်ငံ၌ အလုပ်သမား ဥပဒေနှင့် ပတ်သက်၍ လက်တွေ့ကျင့်သုံး ဆောင်ရွက် ရာတွင် အားနည်းချက်များ ရှိနေခြင်း၊ ထိရောက်စွာ ဆောင်ရွက်နိုင်မှု အားနည်းခြင်းနှင့် အရေးယူမှုများ ပြုလုပ်ရာတွင် လိုအပ်ချက်များ ရှိနေခြင်းတို့ တွေ့ကြုံလျက် ရှိပြီး ကလေးလုပ်သား ပပျောက်ရေး စီမံကိန်းများ ဖော်ဆောင်ရာတွင် အဆိုပါ အားနည်းချက် များကို လျှော့ချနိုင်ရန် အလေးပေး ဆောင်ရွက် သင့်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်သည် ကလေးလုပ်သား လျှော့ချရေး စီမံကိန်းများ ဖော်ဆောင်ရာတွင် ပညာသင်ကြား နိုင်ခြင်းမရှိသည့် ကလေးလုပ်သား များအား ပညာသင်ကြား နိုင်မည့် အစီအစဉ်များကို ထည့်သွင်း ဆောင်ရွက် ပေးရန် စီစဉ်နေကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment