Pages

Tuesday, September 27, 2016

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်


လဟယ်မြို့နယ်ဆေးရုံ၌ တာဝန်ထမ်းဆောင်လျက် ရှိသော တပ်မတော်သား ဆရာဝန်များနှင့် နယ်လှည့် ဆေးကုသရေးအဖွဲ့တို့က ဒေသခံပြည်သူများအား ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးစဉ်

နေပြည်တော် ၊ ၂၇-၉-၂၀၁၆

စစ်ကိုင်းတိုင်း ဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ လဟယ်မြို့နယ်၊ စံပြကျေးရွာနှင့် မကျန်ကျေးရွာ တို့ရှိ ဒေသခံပြည်သူ စုစုပေါင်း ၁၁၇ ဦးအား စက်တင်ဘာ ၂၄ ရက်နှင့် ၂၅ ရက်တွင် လဟယ်မြို့နယ်၊ ပြည်သူ့ ဆေးရုံ၌ တွဲဖက်တာဝန် ထမ်းဆောင်လျက် ရှိသော တပ်မတော်သား ဆရာဝန်များနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့တို့က သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အဆစ်ရောင် ရောဂါ၊ ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေး ကုသခြင်းများ ဆောင်ရွက် ပေးသည်။

ထို့အတူ ထန်တလန်မြို့နယ်၊ ကုချကျေးရွာ ရှိ အစာအိမ်ရောဂါနှင့် အထွေထွေ ရောဂါ ဝေဒနာရှင် ဒေသခံပြည်သူ စုစုပေါင်း ၇၃ ဦးကိုလည်း ထန်တလန်မြို့နယ် ပြည်သူ့ဆေးရုံ တွင် တွဲဖက်တာဝန် ထမ်းဆောင် နေသော တပ်မတော်သား ဆရာဝန်များနှင့် တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့တို့က ယမန်နေ့တွင် ကျန်းမာရေး စစ်ဆေး ကုသခြင်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment