Pages

Thursday, September 29, 2016

ယခုနှစ်တွင် ပြည်ပသို့ထွက်၍ ရာထူးတိုးစာမေးပွဲ ဖြေဆိုမည့်မြန်မာသင်္ဘောသား ဦးရေလျော့နည်းလာ



ရန်ကုန် ၊ ၂၉-၉-၂၀၁၆

ယခင်နှစ်များက ပြည်တွင်း၌ ရာထူးတိုး စာမေးပွဲဖြေဆို ကြသည့် မြန်မာ သင်္ဘောသား အများစုမှာ ပြည်ပနိုင်ငံများသို့ ထွက်၍ ဖြေဆိုခဲ့ကြ သော်လည်း ယခုနှစ်တွင် ပြည်တွင်း၌ အောင်ချက် ရာခိုင်နှုန်း မြင့်မားသဖြင့် ဖြေဆိုမှု များပြားခဲ့ သောကြောင့် ပြည်ပသို့ ထွက်၍ ရာထူးတိုး စာမေးပွဲဖြေဆိုသည့် သင်္ဘောသား ဦးရေမှာ သိသာစွာ လျော့နည်း သွားကြောင်း သိရသည်။

''အရင်ကဆိုရင် ပြည်တွင်းမှာ စာမေးပွဲ ဖြေဆိုမယ့် သင်္ဘောသား တွေကို စာတွေ့၊ လက်တွေ့သင်ကြား ပေးနိုင်မယ့် သင်တန်း ကောင်းကောင်းတွေ မရှိဘူး။ ၂ဝ၁၅ ခုနှစ် အတွင်း ပြည်တွင်းမှာ ပုဂ္ဂလိက အထောက်အကူပြု သင်တန်းတွေ ဖွင့်လှစ် လာတာကြောင့် မြန်မာ သင်္ဘောသားတွေ စာမေးပွဲဖြေတာ အထောက်အကူ ပြုတဲ့အတွက် ပြည်ပကို ထွက်ပြီး ဖြေဆိုတဲ့နှုန်း လျော့သွားတာပါ'' ဟု ဝါရင့်မြန်မာ သင်္ဘောသား ဦးဝေဖြိုး က ပြောသည်။

ယခုနှစ်ထဲတွင် ပြည်တွင်း၌ အောင်ချက် ရာခိုင်နှုန်း မြင့်မားမှုသည် ယခင်နှစ် များထက် ပျမ်းမျှအားဖြင့် ထက်ဝက်ခန့် မြင့်တက်လာကြောင်း၊ သင်္ဘောသား များသည် ကုန်းပတ်နှင့် အင်ဂျင်ပိုင်း စသည့်ရာထူး များနှင့် သက်ဆိုင်သည့် စာမေးပွဲများကို ဖြေဆိုကြကြောင်း သိရသည်။

မြန်မာသင်္ဘောသား များသည် ပြည်ပသို့ ထွက်၍ ရာထူးတိုး စာမေးပွဲ ဖြေဆိုရာတွင် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား နိုင်ငံတို့၌ သွားရောက်ဖြေဆို ကြပြီး လက်ရှိတွင် ပြည်တွင်း၌ မှတ်ပုံတင် ထားသူ မြန်မာ သင်္ဘောသား ဦးရေ တစ်သိန်းနီးပါး ရှိနေပြီ ဖြစ်သည်။

မင်းသော်တာလွင်

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment