Pages

Thursday, September 29, 2016

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရှိ သရပါတံခါး ကို အကြီးစားပြုပြင်မွမ်းမံပြီးမှ ဖြတ်သန်းသွားလာ ခွင့်ပြုမည်



ညောင်ဦး ၊ ၂၉-၉-၂၀၁၆

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ရှိ သရပါတံခါးမှာ ငလျင်ဒဏ်ကြောင့် အတွင်းလှိုက် အက်ကွဲကြောင်း များ ဖြစ်ပေါ်ခဲ့ပြီး ပြိုကျပျက်စီး သွားနိုင်သည့် အခြေအနေ ရှိသောကြောင့် လက်ရှိတွင် မော်တော်ယာဉ် ကြီးများ ဖြတ်သန်း သွားလာခွင့်ကို ပိတ်ထားပြီး အကြီးစားပြုပြင် မွမ်းမံပြီးမှသာ ပြန်လည် ဖြတ်သန်း သွားလာခွင့်ပြု မည်ဖြစ်ကြောင်း ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

''ငလျင်ဒဏ် ကြောင့် သရပါတံခါး က လုံးဝပြိုကျ ပျက်စီးမှု မရှိခဲ့ပေမယ့် မော်တော်ယာဉ် ကြီးတွေ ဖြတ်မောင်းသွား လာရင် တုန်ခါမှုတွေ ဖြစ်ပေါ်နေ ပါတယ်။ ဒါကြောင့် ပြိုကျမှု ဖြစ်သွားနိုင် ပါတယ်။ ဒီလို မဖြစ်အောင် အခုဆိုရင် မော်တော်ယာဉ် ကြီးတွေ သွားလာခွင့်ကို ယာယီပိတ်ထား ပါတယ်။ ဒါပေမဲ့ စက်ဘီး၊ ဆိုင်ကယ်တွေ ကိုတော့ ဖြတ်သန်း သွားလာခွင့်ပြု နိုင်ဖို့ စီစဉ်နေပါတယ်'' ဟု ၄င်းက ပြောသည်။

အဆိုပါ သရပါတံခါးကို ယူနက်စကို၏ နည်းပညာ အကူအညီဖြင့် အကြီးစား ပြုပြင်မွမ်းမံ ဆောင်ရွက်သွားမည် ဖြစ်သည်။ သရပါ တံခါးမှာ ပြိုကျနိုင်သော အဆင့်သို့ ရောက်ရှိ နေခြင်းကြောင့် ယခုကဲ့သို့ ယာယီ ဖြတ်သန်းခွင့် ပိတ်ထားရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဒေသခံများ၏ ရိုးရာဖြစ်သည့် သရပါတံခါး၏ နတ်ကွန်းရှေ့၌ လာရောက် အဓိဋ္ဌာန်ပြုသူ များလည်း ရှိကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment