Pages

Thursday, September 29, 2016

ပွင့်လင်းရာသီတွင် ပေါင်မြို့နယ်ရှိ နွားလပို့တောင်စေတီဝန်းကျင် ဒေသကို သဘာ၀၀အခြေခံ ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် ကွင်းဆင်းလေ့လာမည်



ပေါင် ၊ ၂၉-၉-၂၀၁၆

မွန်ပြည်နယ် ပေါင်မြို့နယ် ကျုံကကျေးရွာ ရှိ နွားလပို့တောင်စေတီ ပတ်ဝန်းကျင်ဒေသ ကို လာမည့် ပွင့်လင်းရာသီ တွင် ရပ်ရွာလူထု အခြေပြု သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် ကွင်းဆင်း လေ့လာသွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဟောက်ကျင်မုန် ထံမှ သိရသည်။

''နွားလပို့တောင် စေတီ ပတ်ဝန်းကျင်မှာ ရှိတဲ့ဒေသကို သဘာဝအခြေခံ ခရီးသွား လုပ်ငန်းအဖြစ် ဖော်ဆောင်တဲ့ အခါမှာ တောတောင်တွေရဲ့ဂေဟစနစ်တွေ မပျက်စီးအောင် လုပ်ဆောင်သွား မှာပါ'' ဟု ဦးဟောက်ကျင်မုန် က ပြောသည်။

ယင်းနေရာကို ရပ်ရွာလူထု အခြေပြု သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် ကွင်းဆင်း လေ့လာမှု အဆင်ပြေပါက မကြာမီ အကောင်အထည်ဖော် သွားမည် ဖြစ်သည်။

နွားလပို့တောင် စေတီ ပတ်ဝန်းကျင်ကို ရပ်ရွာလူထု အခြေပြု သဘာဝအခြေခံ ခရီးသွားလုပ်ငန်း အဖြစ် အကောင်အထည် ဖော်နိုင်ပါက ဒေသခံပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည် ဖြစ်ကြောင်း သိရသည်။

မင်းသော်တာလွင်

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment