Pages

Monday, August 1, 2016

မြန်မာနိုင်ငံ ရေဆေးပန်းချီဆရာအသင်း (MWS) အသင်း၏ န၀မအကြိမ် ရေဆေးပန်းချီပြပွဲ ကျင်းပမည်



ရန်ကုန် ၊ ၁-၈-၂၀၁၆

မြန်မာနိုင်ငံ ရေဆေးပန်းချီ ဆရာအသင်း MWS အသင်း၏ နဝမအကြိမ် စုပေါင်း ရေဆေးပန်းချီ သီးသန့်ပြပွဲကို သြဂုတ် ၁၃ ရက်တွင် ရန်ကုန် ဧရာဝဏ် ပန်းချီပြခန်း၌ ပြသသွားမည် ဖြစ်ကြောင်း Myanmar Waterpaint Society ထံမှ သိရသည်။

ပြပွဲတွင် တောင်ကြီး၊ ပြင်ဦးလွင်၊ ပုဂံ၊ မန္တလေးမှ ပန်းချီဆရာ ဦးရေ ၃ဝတို့က ရေဆေးပန်းချီ လက်ရာမွန်တို့ကို သီးသန့် ပြသမည် ဖြစ်ပြီး မြန်မာနိုင်ငံ ရေဆေးပန်းချီ ဆရာအသင်း အနေဖြင့် မန္တလေး၊ မုံရွာ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် အင်းဝ၊ ပုဂံ စသည့်နေရာ တို့သို့ Outdoor ပန်းချီရေးဆွဲခြင်း များကို တစ်လတစ်ကြိမ် ပြုလုပ်လျက် ရှိသည်။

ထို့ပြင် မန္တလေး၊ မုံရွာ၊ ရန်ကုန်မြို့တို့၌ အသင်းရန်ပုံငွေ ပန်းချီပြပွဲ များကို တစ်နှစ် လေးကြိမ် ပြသလျက်ရှိပြီး ယခုအကြိမ် ပြပွဲ၌ ပြသရောင်းချသော ရန်ပုံငွေဖြင့် နိုင်ငံခြား ခရီးစဉ်အဖြစ် စင်ကာပူနိုင်ငံသို့ သွားရောက်ကာ Outdoor ပန်းချီရေးဆွဲမည် ဖြစ်သည်။

အဆိုပါပြပွဲကို သြဂုတ် ၁၃ ရက်မှ သြဂုတ် ၂၄ ရက်ထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ပြသမည်ဖြစ်သည်။

မြန်မာနိုင်ငံ ရေဆေးပန်းချီ ဆရာအသင်းကို ၂ဝ၁၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး မန္တလေး၊ တောင်ကြီး၊ ပြင်ဦးလွင်၊ မြင်းခြံ၊ ပုဂံဒေသ၊ ရန်ကုန် စသည့်မြို့များမှ ပန်းချီဆရာ ဦးရေ ၄ဝ ကျော်ဖြင့် ဖွဲ့စည်းထားသော အသင်းဖြစ်ပြီး မြန်မာရေဆေး ပန်းချီလောက ဖွံ့ဖြိုး တိုးတက်စေရန် အတွက် ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ တို့မှ ရေဆေးပန်းချီ အသင်းများဖြင့် ချိတ်ဆက်ပြီး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဇင် (ကောလင်း)

ရတနာပုံနေ့စဉ် ၊ စာ(၁၄)

No comments:

Post a Comment