Pages

Monday, August 1, 2016

အထိုင်များသော နေထိုင်မှုပုံစံကြောင့် သေဆုံးသူနှစ်စဉ် ငါး သန်းဦးခန့် ရှိ



နယူးယောက် ၊ ၁-၈-၂၀၁၆

ကမ္ဘာတစ်ဝန်းတွင် အထိုင်များသော လူနေမှုပုံစံကြောင့် နှစ်စဉ် ကျန်းမာရေး စောင့်ရှောက်စရိတ် အမေရိကန် ဒေါ်လာ ၆၇ ဒသမ ၅ ဘီလီယံထက် မနည်း ကုန်ကျလျက် ရှိပြီး သေဆုံးသူ ငါးသန်းဦး ထက်မနည်း ရှိရာဝယ် လူတိုင်း တစ်ရက်လျင် တစ်နာရီခန့်  ကိုယ်လက်လှုပ်ရှား ပေးခြင်းဖြင့် ယင်းအဖြစ်ဆိုး နှစ်ရပ်ကို ထိရောက်စွာ ကာကွယ် လျော့ချနိုင်မည် ဖြစ်ကြောင်း သုတေသီများက အသိပေး ပြောကြားသည်။ 

အထိုင်များသည့် လူနေမှုပုံစံကြောင့်  နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါ တို့ ဖြစ်နိုင်ခြေ မြင့်မားကြောင်း၊ မည်သူမဆို ခပ်သွက်သွက် လမ်းလျှောက် ပေးခြင်း တစ်မျိုးတည်း ဖြင့်ပင် ယင်းရောဂါဆိုး များကို ထိရောက်စွာ ကာကွယ်နိုင်မည် ဖြစ်ကြောင်း၊  တစ်ရက်လျှင် ၈ နာရီထက်မနည်း ထိုင်သူတို့ တွင် ဖော်ပြပါရောဂါ များအပြင် အ၀လွန် ရောဂါလည်း ဖြစ်ပွားနိုင်ခြေ အလွန်မြင့်မား နေပြီး လူ့ လောကကို သက်တမ်းစေ့ နေထိုင်ခွင့် ရလိမ့်မည် မဟုတ်ကြောင်း သုတေသီများ က ဖြည့်စွက် ပြောကြားသည်။ 

" ရုံးအလုပ်လုပ်၍ ဖြစ်စေ၊ အိမ်နေရင်း တီဗီကြည့်၍ ဖြစ်စေ၊ အထိုင်များတဲ့ လူနေမှုပုံစံကြောင့် တစ်နှစ်ကိုလူ ငါးသန်း ထက်မနည်း သေဆုံးနေပါတယ်။ ဒါဟာ ဆေးလိပ်သောက်လို့ နှစ်စဉ် သေဆုံးနေသူ ဦးရေနဲ့  ၁ သန်းပဲ ကွာပါ တော့တယ် " ဟု သုတေသီ Ulf Ekelund က ပြောပြသည်။ 

ကမ္ဘာ့ကျန်းမာရေး အဖွဲ့  WHO ၏ ကိန်းဂဏန်းများ အရ ကမ္ဘာတစ်ဝန်းတွင် ဆေးလိပ် သောက်ခြင်းကြောင့် လူ ခြောက်သန်း ထက်မနည်း နှစ်စဉ်သေဆုံးရလေ့ ရှိကြောင်းသိရသည်။ 

" ကိုယ်လက် လှုပ်ရှားမှု အားနည်းခြင်းဟာ ကမ္ဘာတစ်ဝန်းကို ကပ်ရောဂါပမာ ကူးစက်နေပါတယ်။ တစ်ပတ်ကို အနည်းဆုံးမိနစ် ၁၅၀ ထက်ပိုပြီး ကိုယ်လက်လှုပ်ရှား ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် လူကြီးတွေရဲ လေးပုံတစ်ပုံ လောက်က ဒီသတ်မှတ်ချက်ကိုမ လိုက်နာပါဘူး။ တစ်ရက်ကို ၁၅ မိနစ်လောက် လေ့ကျင့်ခန်း လုပ်ရုံနဲ့  တော့ မလုံလောက်ပါဘူး။ အနည်းဆုံး နာရီဝက်၊ အများဆုံး တစ်နာရီခွဲ ကြာအောင် လေ့ကျင့်ခန်း ပြုလုပ်သင့်ပါ တယ် " ဟု Ulf က ဆက်လက်ပြောပြသည်။ 

" အသင်းအဖွဲ့ လိုက် ကစားတဲ့ အားကစားမျိုးမှ မဟုတ်သလို အားကစားခန်းမကို သွားပြီးကစားမှ  အားကစားဖြစ်တာ မဟုတ်ပါဘူး။ တစ်နာရီကို ၅ ဒသမ ၆ ကီလိုမီတာ နှုန်းနဲ့ လမ်းလျှောက်ပေးမယ်၊ စက်ဘီးစီးရင် တစ်နာရီကို 

၁၆ ကီလိုမီတာ နှုန်းနဲ့ စီးပေးမယ် ဆိုရင် ခန္ဓာကိုယ်အတွက် အလိုအပ်ဆုံး လေ့ကျင့်ခန်းတွေ  လုပ်ပြီး ဖြစ်ပါလိမ့်မယ် " ဟု ၄င်း က ဆက်လက် ပြောပြသည်။

ရတနာပုံနေ့စဉ်

No comments:

Post a Comment