Pages

Tuesday, August 16, 2016

KIA လက်နက်ကိုင်အဖွဲ့မှ တပ်မတော်စစ်ကြောင်းအား ရီမုမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက် ၊ KIA လက်နက်ကိုင်အဖွဲ့မှ ထောင်ထားသည့် မိုင်းများအားရှင်းလင်း


တပ်မတော်စစ်ကြောင်းကKIAလက်နက်ကိုင်အဖွဲ့မှ ထောင်ထားသည့် မိုင်းများအား ဖော်ထုတ် ရှင်းလင်းစဉ်

တပ်မတော်စစ်ကြောင်းက ဖော်ထုတ်ရှင်းလင်း နိုင်ခဲ့သည့်မိုင်းများနှင့် ဆက်စပ်ပစ္စည်းများကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၆-၈-၂၀၁၆

ကချင်ပြည်နယ် ၊ ကာမိုင်းမြို့နယ်၊ မြစ်ကြီးနား-တနိုင်း သွားကားလမ်း ပေါ်တွင် ခရီးသွားပြည်သူများ အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေး အတွက် တပ်မတော် စစ်ကြောင်းများက လုံခြုံရေးဆောင်ရွက်စဉ် ဒွန်ဘန်ကျေးရွာ၏ အနောက်မြောက်ဘက် လေးမိုင်ခန့် အကွာသို့ အရောက် ယမန်နေ့နံနက် ၇ နာရီ ၃ဝ မိနစ်ခန့်တွင် KIA လက်နက်ကိုင် အဖွဲ့မှ ဆွဲမိုင်းတစ်လုံးဖြင့် လည်းကောင်း၊ ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် ရီမုမိုင်း နှစ်လုံးဖြင့် လည်းကောင်း ဖောက်ခွဲတိုက်ခိုက် ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး ခဲ့သည်။

ထို့အတူ တနိုင်းမြို့နယ်ရှိ မြစ်ကြီးနား-တနိုင်း သွား ကားလမ်းပေါ်တွင် တပ်မတော် စစ်ကြောင်းများက လုံခြုံရေး ဆောင်ရွက်စဉ် ယနေ့နံနက် ၈ နာရီခန့် က ရှဒူဇွပ်ကျေးရွာ တောင်ဘက် သုံးမိုင်ခန့်အကွာ၌ KIA လက်နက်ကိုင် အဖွဲ့မှ ထောင်ထားသည့် အချင်း ရှစ်လက်မ၊ အမြင့် ငါးလက်မ၊ သံကိုယ်ထည် ဆွဲမိုင်း တစ်လုံးအား လည်းကောင်း၊ ရှဒူဇွပ် ကျေးရွာ၏ တောင်ဘက် ၁၃ မိုင်ခန့်အကွာ လမ်းဘေးဝဲယာ တွင် သုံးပွင့်ဆိုင် ထောင်ထားသည့် ရီမုမိုင်း သုံးလုံးအား လည်းကောင်း ဖော်ထုတ်ရှင်းလင်း နိုင်ခဲ့ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၈)

No comments:

Post a Comment