Pages

Tuesday, August 16, 2016

TNLA လက်နက်ကိုင်အဖွဲ့မှ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်


နေပြည်တော် ၊ ၁၆-၈-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ဆိုင်းလိန်ကျေးရွာနေ ဒေါ်အေးမွန်၊ ဒေါ်စိုင်းအောင်၊ ဒေါ်မွှေးအေးနှင့် ဦးလောက တို့ ရွာသူ၊ ရွာသားလေးဦး အား သြဂုတ် ၁ဝ ရက် မွန်းလွဲ ၁ နာရီခန့်တွင် TNLA လက်နက်ကိုင် အဖွဲ့မှ အင်အား ၃ဝ ဦးခန့်က ရွာ၏ အရှေ့ဘက်သို့ အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားပြီး ယနေ့ထိ ပြန်လည်ရောက်ရှိ လာခြင်း မရှိကြောင်း သိရှိရသည်။

အလားတူ အဆိုပါ  TNLA လက်နက်ကိုင် အဖွဲ့သည် ညနေ ၆ နာရီတွင် ရှမ်းပြည်နယ် ၊ မိုးမိတ်မြို့နယ် ၊ ရွှေညောင်ပင် ကျေးရွာသို့ ရွာ၏ အရှေ့ဘက်မှ ဝင်ရောက်၍ ဦးထွန်းတင်၊ ဒေါ်ထွေး၊ ဒေါ်ငြိမ်း နှင့် ဒေါ်ခမ်းဆာ တို့ ရွာသူ၊ ရွာသားလေးဦး ကို ထပ်မံဖမ်းဆီး ခေါ်ဆောင် သွားကြောင်းနှင့် ၄င်းတို့၏ အတင်းအဓမ္မ လူသစ်စုဆောင်း မှုများကြောင့် ကျေးရွာနေ လူငယ်များမှ တိမ်းရှောင်နေသဖြင့် သက်ကြီးရွယ်အိုများ ကို အဓမ္မခေါ်ဆောင် သွားခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးခံ ပြည်သူများအား ကယ်တင်နိုင်ရေး အတွက် တပ်မတော် စစ်ကြောင်းက နယ်မြေရှင်းလင်း ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၄)

No comments:

Post a Comment