Pages

Tuesday, August 16, 2016

ကူးစက်ရောဂါဖြစ်ပွားခဲ့သော လဟယ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စားသောက်ကုန်ပစ္စည်းများ တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်


လဟယ်မြို့နယ် အတွင်းရှိ ကျေးရွာများသို့ တပ်မတော်လေယာဉ်ဖြင့် စားသောက်ကုန်ပစ္စည်းများ ပို့ဆောင်ပေးစဉ်

နေပြည်တော် ၊ ၁၆-၈-၂၀၁၆

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ လဟယ်မြို့နယ် အတွင်းရှိ ကျေးရွာများ၌ ဇူလိုင်လ နှင့် သြဂုတ်လ အတွင်းက ကူးစက်ရောဂါများ ဖြစ်ပွားခဲ့ရာ အရေးပေါ် လိုအပ်လျက် ရှိသော စားနပ်ရိက္ခာ များနှင့် အာဟာရ ဖြည့်စွက်စာ များကို ဒေသခံပြည်သူ များထံသို့ အလျင်အမြန် ထောက်ပံ့နိုင်ရန် တပ်မတော်မှ လေယာဉ်များ၊ ရဟတ်ယာဉ် များဖြင့် ကူညီ ပို့ဆောင်ပေးလျက် ရှိသည်။

ထိုသို့ပို့ဆောင် ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့ ပေးပို့သည့် ဆန် ၁ဝ၄ အိတ်၊ ဆီ ၂ဝ ပုံး၊ ကုလားပဲအိတ် ၂ဝ နှင့် ငါးသေတ္တာ ၃၃ဝဝ ဘူးတို့ကို မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှ တပ်မတော် လေယာဉ်ဖြင့် ပို့ဆောင် ပေးသည်။

အဆိုပါ တပ်မတော်လေယာဉ် သည် ညနေ ၃ နာရီခွဲတွင် ဟုမ္မလင်းလေဆိပ်သို့ ရောက်ရှိပြီး ထိုမှတစ်ဆင့် ထောက်ပံ့ရေး ပစ္စည်းများအား ခန္တီးမြို့သို့ တပ်မတော် ရဟတ်ယာဉ်များဖြင့် ဆက်လက် ပို့ဆောင်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment