Pages

Tuesday, August 16, 2016

မြန်မာနိုင်ငံအလယ်ပိုင်း၌ ရေကြီးရေလျှံမှုများကြောင့် ပြည်တွင်းခရီးသွားလာမှု လျော့နည်း



မန္တလေး ၊ ၁၆-၈-၂၀၁၆

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ များ၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခြင်းသည် ပြည်တွင်း ခရီးသွားလာမှုကို လျော့နည်း စေကြောင်း ခရီးသွားလုပ်ငန်း တစ်ခုဖြစ်သည့် jovago.com မှ သိရသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ တချို့နှင့် မြစ်ကမ်းနံဘေး ဒေသတို့၌ သြဂုတ်လဆန်းမှ စတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ် ခဲ့ခြင်းကြောင့် ခရီးသွားလုပ်ငန်း အပေါ် အနည်းနှင့်အများ အကျိုး သက်ရောက်မှု ရှိနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးမြို့၌ တောင်ပြုန်းပွဲ၊ ရတနာ့ဂူပွဲ အစရှိသည့် ရိုးရာပွဲတော်များ စည်ကား သိုက်မြိုက်စွာ ကျင်းပလျက် ရှိသော်လည်း မိုးများမှု၊ ရေကြီးရေလျှံမှု တို့ကြောင့် သွားရောက် လည်ပတ်ရန် ခရီးသွားများ အနေဖြင့် အခက်တွေ့နေကြပြီး ခရီးသွားဧည့်သည် တချို့မှာလည်း ခရီးစဉ်ပြောင်းကာ ပုဂံ၊ ပုပ္ပား ကဲ့သို့သော ရေလွတ်ရာဒေသ တို့သို့ သွားရောက်ခြင်း များကို ပြုလုပ်ကြကြောင်း jovago.com ၏ ဘွတ်ကင် အချက်အလက်များ အရ သိရသည်။

'' jovago.com အနေနဲ့ ခရီးသွား ဧည့်သည်တွေ သွားလာရတာ အဆင်ပြေဖို့ အတွက်ပဲ ဦးတည်ထားတဲ့ အတွက် ကျွန်တော်တို့ဆီမှာ ကြိုတင်စာရင်း ပေးသွင်းထား ပေမယ့် ခရီးစဉ် နှောင့်နှေးတာ၊ ပျက်သွားတာမျိုး ရှိခဲ့ရင်တောင် ကြိုတင် စာရင်းသွင်း ထားတာကို ပယ်ဖျက်နိုင်တယ်။ ဒါကြောင့် ယုံကြည်စိတ်ချစွာ jovago နဲ့ ခရီးသွားဖို့ ဖိတ်ခေါ်လို ပါတယ်'' ဟု jogago.com မှ မန်နေးဂျင်း ဒါရိုက်တာ Hugo Schleicher ကပြောသည်။

ယမန်နှစ် မေလဆန်းမှ စက်တင်ဘာ လကုန်ပိုင်းအထိ မိုးရာသီကာလ အတွင်း ခရီးသွားလာမှု နည်းပါးပြီး ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ ခရီးသွားဧည့်သည် နှစ်သိန်းခွဲနီးပါး နှင့် မန္တလေးမြို့သို့ ခရီးသွား ဧည့်သည် သုံးသိန်းကျော် ဝင်ရောက်ခဲ့သည်။ မြန်မာနိုင်ငံသို့ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လတာ ကာလအတွင်း နိုင်ငံခြား ခရီးသွားဧည့်သည် ၂ ဒသမ ၁ သန်းကျော် လာရောက် ခဲ့ကြောင်း သိရသည်။ (နေနေ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment