Pages

Sunday, August 21, 2016

ရုရှားက ၂၁ ရာစု၏ အဆင့်မြင့်တင့်ဖျက် လက်နက်စနစ်ကို စမ်းသပ်



မော်စကို ၊ ၂၁-၈-၂၀၁၆

ရုရှားစစ်ဘက်သည် Kornet - EM အမည်ရှိ ဘက်စုံသုံး တင့်ဖျက်ပဲ့ထိန်း ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ် နိုင်ခဲ့ကြောင်း Izvestia သတင်းစာ၏ သြဂုတ် ၂ဝ ရက် ဖော်ပြချက်အရ သိရသည်။

အဆိုပါ တင့်ဖျက်ပဲ့ထိန်း ဒုံးကျည်စနစ် သည် ရှာဖွေရန်နှင့် ပစ်ချရန် ခက်ခဲသည့် ရဟတ်ယာဉ် များနှင့် မောင်းသူမဲ့ လေယာဉ်များ အပါအဝင် မြေပြင်နှင့် ဝေဟင်ပစ်မှတ် များကို တိကျစွာ ပစ်ခတ်နိုင်စွမ်း ရှိကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ယင်းသတင်းစာ က ဖော်ပြထားသည်။

ယင်းလက်နက် စနစ်သည် စစ်ကြောင်း ချီတက်နေစဉ် ရန်သူ၏ S-400 ဒုံးကျည်စနစ်၊ သံချပ်ကာယာဉ် များနှင့် လက်နက် တပ်ဆင်ထားသည့် မောင်းသူမဲ့ လေယာဉ်များ၏ ရန်မှ ကာကွယ်ရန် ရည်ရွယ်ခြင်း ဖြစ်ပြီး Tula Instrument Design Bureau မှ ထုတ်လုပ်ထားခြင်း ဖြစ်သည်။

Kornet-EM လက်နက်စနစ်ကို စစ်ဆင်ရေးတွင် အသုံးပြုနိုင်ရန် အတွက် လိုအပ်သည့် စမ်းသပ်မှုများကို မကြာမီ ဆက်လက်ပြုလုပ် သွားမည် ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားသည်။

အဆိုပါ ဒုံးပစ်လောင်ချာ ကို အနီအောက် ရောင်ခြည် ပုံရိပ်ဖော် ကင်မရာ သာမက အလိုအလျောက် ပစ်မှတ်ရှာစနစ် နှင့်အတူ ပူးတွဲတပ်ဆင် ပစ်ခတ် နိုင်ကြောင်းနှင့် တင့်များ သာမက မြန်နှုန်းမြင့် တိုက်ပွဲဝင် ရဟတ်ယာဉ် များနှင့် မောင်းသူမဲ့ လေယာဉ်များ ကိုလည်း တိကျစွာ ပစ်ခတ်နိုင်စွမ်း ရှိကြောင်း သတင်းစာ ၏ စာတည်းတစ်ဦး ဖြစ်သည့် ဒီမီထရီကော်နက်ဗ် က ပြောကြားသည်။

ထို့ပြင် ယင်းလက်နက် စနစ်သည် တိုက်ပွဲ ဖြစ်ပွားနေစဉ် M1A2 Abram တင့်အပါအဝင် စစ်ယာဉ်များစွာ ကို ဖျက်ဆီးနိုင်စွမ်း ရှိကြောင်းနှင့် ကမ္ဘာပေါ်ရှိ ၂၁ ရာစု တင့်ဖျက် လက်နက်များ အနက် တစ်ခု အပါအဝင် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၉)

No comments:

Post a Comment