Pages

Sunday, August 21, 2016

တရုတ်နှင့် တရားမ၀င်ဆက်သွယ်ရေး ရှိနေဆဲဟု ထိုင်ဝမ်သမ္မတ ပြောကြား



တိုင်ပေ ၊ ၂၁-၈-၂၀၁၆

တရုတ်၏ ''တရုတ် တစ်နိုင်ငံတည်း'' ဟူသော မူဝါဒကို တရုတ် (တိုင်ပေ) သမ္မတသစ် က သဘောတူ လက်ခံခြင်း မရှိသည့်အတွက် နှစ်နိုင်ငံ ဆက်သွယ်မှုကို ဆိုင်းငံ့ရန် တရုတ် အစိုးရက အမိန့်ထုတ်ပြန် ခဲ့သော်လည်း တရားမဝင် ဆက်သွယ်ရေး လိုင်းများ ရှိနေဆဲ ဖြစ်ကြောင်း တရုတ် (တိုင်ပေ) သမ္မတသစ် ဆိုင်ယင်းဝမ် က သြဂုတ် ၂ဝ ရက်တွင် ပြောကြားသည်။

''တရုတ်ပြည်မကြီး နဲ့ တရားဝင် ဆက်သွယ်ရေး လိုင်းတွေ ပြန်လည်ဖွင့်လှစ် ထားခြင်း မရှိသော်လည်း တရားမဝင် ဆက်သွယ်ရေး လိုင်းတွေတော့ ရှိပါတယ်'' ဟု ထိုင်ဝမ် သမ္မတ ဆိုင်ယင်းဝမ် က သတင်းထောက် များကို ပြောကြားခဲ့ခြင်း ဖြစ်ပြီး အသေးစိတ် အချက်အလက် များကိုမူ ထုတ်ဖော် ပြောကြားထားခြင်း မရှိကြောင်း သိရသည်။

''ကျွန်မတို့အနေနဲ့ တည်ငြိမ် အေးချမ်းရေးကို ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်ထားတဲ့ အတွက် တရုတ်ပြည်မ ကြီးနဲ့ ကျွန်မတို့ အကြားမှာ မည်သည့် နားလည်မှု လွဲမှားခြင်း သို့မဟုတ် ထင်မြင်ယူဆချက် လွဲမှားခြင်းတို့ ရှိမှာမဟုတ် ပါဘူး'' ဟု ၄င်းက ဆက်လက် ပြောကြားသည်။

ရေလက်ကြား ဖြတ်ကျော် နှစ်နိုင်ငံအနေဖြင့် ဆက်ဆံရေးကို ရှိရင်းစွဲ အနေအထား အတိုင်း ထိန်းသိမ်းထားရန် ၄င်းအနေဖြင့် ဆန္ဒရှိသော်လည်း လက်ရှိ တင်းမာမှုကို ဖြေရှင်းရန်အတွက် မှော်ဆန်သော ဆေးဝါးမရှိ ကြောင်း ဆိုင်ယင်းဝမ် က ပြောကြားသည်။

တရုတ်နိုင်ငံ သည် တရုတ်(တိုင်ပေ) ကို ၄င်း၏ လက်အောက်ခံ ပြည်နယ်တစ်ခု အနေဖြင့်သာ သတ်မှတ်ထားပြီး နှစ်နိုင်ငံ ဆက်သွယ်ရေး လိုင်းများ ရုပ်သိမ်းမှုနှင့် စပ်လျဉ်း၍လည်း ယခု ရက်သတ္တပတ် အစောပိုင်းက ဝေဖန်ပြစ်တင် ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၉)

No comments:

Post a Comment