Pages

Monday, August 15, 2016

မြန်မာ-အမေရိကန် ပုဂ္ဂလိကကုန်သွယ်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ပေး မြှင့်တင်မည်


ရန်ကုန် ၊ ၁၅-၈-၂၀၁၆

မြန်မာ-အမေရိကန် ပုဂ္ဂလိက ကုန်သွယ်မှုကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး မြှင့်တင်နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သြဂုတ် ၁၂ ရက်က ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်၌ ကျင်းပသော The American Innovation Roadshow Program အစည်းအဝေးတွင် American Chamber of Commerce ဥက္ကဋ္ဌ Mr.Scott Neal ၏ ပြောကြားချက် အရ သိရသည်။

အမေရိကန်နိုင်ငံ အနေဖြင့် ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှု လုပ်ငန်းများကို တင်ပို့မှု မြှင့်တင်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ အတွက် အရေးပါသော ဝန်ဆောင်မှု လုပ်ငန်းများနှင့် အတူ အခွင့်အလမ်း ကောင်းများ ကိုလည်း ယူဆောင်လာမည် ဖြစ်ကြောင်း Mr.Scott Neal ကပြောသည်။

အဓိကအားဖြင့် ဘဏ္ဍာရေးကဏ္ဍ၊ အခြေခံ အဆောက်အအုံ နှင့် စွမ်းအင်ကဏ္ဍ များတွင် အမေရိကန် နိုင်ငံက မြန်မာ ပုဂ္ဂလိက ကဏ္ဍနှင့် ကုန်သွယ်မှု ကဏ္ဍတို့ကို ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးနှင့် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆက်လက် ဆောင်ရွက် သွားမည့်အပြင် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ နှင့် ရင်ပေါင်တန်း နိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်း အစည်းအဝေးတွင် မြန်မာ့နည်း ပညာကဏ္ဍ တစ်ဟုန်ထိုး ဖွံ့ဖြိုး တိုးတက်လာ စေရေးကို အဓိကထား ဆွေးနွေးခဲ့ကြပြီး နည်းပညာ ပံ့ပိုးမှုများကို ဖန်တီးကျင့်သုံး နိုင်ရေး စသည့် အကြောင်းအရာ များ ဆွေးနွေး ခဲ့သည်။

အဆိုပါ The American Innovation Roadshow Program အစည်းအဝေးကို အရှေ့တောင်အာရှ နိုင်ငံများနှင့် ပစိဖိတ်ဒေသ နိုင်ငံများ ပူးပေါင်းေ ဆာင်ရွက်မှု အနေဖြင့် အမေရိကန်၏ နည်းပညာ ဆိုင်ရာ တီထွင်မှုများ မျှဝေခြင်း၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များအား အမေရိကန် နည်းပညာ အသိုက်အဝန်း နှင့် ဆက်သွယ် ချိတ်ဆက် ပေးခြင်းနှင့် သက်ဆိုင်ရာ အစိုးရများ အနေဖြင့် နည်းပညာ တီထွင်မှု များအား အထောက်အကူပြု စေမည့် ဥပဒေ မူဘောင်များ ချမှတ်နိုင်ရေး အတွက် ပံ့ပိုးကူညီမှုများ ပေးအပ်ရန် ရည်ရွယ် ကျင်းပခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ ထုတ်ပြန်ချက်များ အရ သိရသည်။ 

(ကေကေ)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment