Pages

Wednesday, August 17, 2016

ဧရာဝတီမြစ်ရေ တိုက်စားလာသဖြင့် မင်းလှခံတင်ကြီး အား သဲအိတ်များချပြီး ကာကွယ်ထားရ



မကွေး ၊ ၁၇-၈-၂၀၁၆

မကွေးတိုင်း ဒေသကြီး ၊ အထက်မင်းလှမြို့ ရှိ သမိုင်းဝင် မင်းလှခံတပ်ကြီး သည် ဧရာဝတီမြစ်ကမ်း နဖူးပေါ်၌ တည်ရှိပြီး နှစ်စဉ် ရေတိုက်စား မှုကြောင့် လွန်ခဲ့သည့် နှစ် ၇၀ ကျော်ခန့်က ခံတပ်ကြီး ၏ ရှေ့ပိုင်း အစိတ်အပိုင်းများ အချို့ ပြိုကျပျက်စီးခဲ့ ရပြီး ယခုနှစ်တွင် ရေကြီးရေလျှံပြီး ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ခံတပ်ကြီး၏ အောက်ခံမြေသား များအတွင်းသို့ လှိုက်စားလာ သဖြင့် သဲအိတ်များ ချကာ ကာကွယ်ထား ရကြောင်း ဒေသခံ သမိုင်း သုတေသီ စာရေးဆရာ ဦးသောင်းလှိုင် ၏ ပြောပြချက် အရ သိရသည်။

"ခံတပ်ကြီးက နှစ်ပေါင်း ၁၅၀ ကျော်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်က ရေတိုက်စားပြီး ခံတပ်ကြီးရဲ့ ရှေ့ပိုင်းတစ်ခု ပြိုကျသွား ခဲ့တယ်။ သမိုင်းဝင် ခံတပ်ကြီး ရေရှည် တည်တံ့ဖို့ သမိုင်း အမွေအနှစ် ထိန်းသိမ်းဖို့ လိုအပ်လာပြီး ဒီလိုသဲအိတ်ချပြီး ထိန်းသိမ်း လို့ကတော့ ရေရှည်ခံမှာ မဟုတ်ပါဘူး။ စနစ်တကျ စီမံကိန်းချပြီး ထိန်းသိမ်းသင့်တယ်။ ခံတပ်ကြီးရဲ့ အောက်ခြေ ကမ်းပါး တစ်လျှောက်ကို ကျောက်စီ မြေထိန်းနံရံတစ်ခု တည်ဆောက်ဖို့ လိုတယ်။ ခံတပ်ကြီးရဲ့ ဘေးပတ်လည် ကို သာယာလှပအောင် ပြုပြင်ထား ရမယ်။ ဒီခံတပ်ကြီးဟာ မင်းလှမြို့ရဲ့ သမိုင်းဝင် ပစ္စည်းဖြစ်တဲ့ အတွက် ဘက်စုံ ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်နေပါပြီ " ဟု ၄င်းက ပြောပြသည်။

မင်းလှခံတပ်ကြီး ကို ခရစ်နှစ် ၁၈၆၀-၁၈၆၁ ခုနှစ်တွင် မင်းတုန်းမင်း ၏ ညီတော် ကနောင်မင်းသားကြီး ကြီးကြပ် ကွပ်ကဲမှုဖြင့် တည်ဆောက်ခဲ့ပြီး ပြင်သစ်နှင့် အီတာလျံလူမျိုး အင်ဂျင်နီယာ ကိုမိုတိုပယ်ရီ နှင့် မိုလီနာရီ တို့၏ အကူအညီဖြင့် မြန်မာလူငယ် အင်ဂျင်နီယာ များက ပူးပေါင်း တည်ဆောက် ခဲ့သည်။ (၁၇၈)

ရတနာပုံနေ့စဉ် ၊ စာ(၂၃)

No comments:

Post a Comment