Pages

Wednesday, August 17, 2016

KIA လက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် အစထိမှန်၍ ကျောင်းဆရာမတစ်ဦးနှင့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိ ၊ နေအိမ်သုံးလုံးမီးလောင်ပျက်စီး


နေပြည်တော် ၊ ၁၇-၈-၂၀၁၆

KIA လက်နက်ကိုင် အဖွဲ့မှ အင်အား ၂၀ ဦးခန့်သည် သြဂုတ် ၁၅ ရက် နံနက် ၉ နာရီခန့်တွင် ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ၊ ကာမိုင်းမြို့ ၊ ဆိုင်းဖရာကျေးရွာ အတွင်း ဖြန့်ခွဲနေရာယူ ၍လည်းကောင်း ၊ ထပ်မံ၍ အင်အား ၈၀ ဦးခန့်သည် ခွန်ဆိုင်ဇွပ် ကျေးရွာ နှင့် ကပ်မှော်ဇွတ် ကျေးရွာအကြား ကာမိုင်း-ဖားကန့် လမ်းပိုင်း ၌ နေရာယူ၍ လည်းကောင်း တပ်မတော် စစ်ကြောင်းများအား နှောင့်ယှက် တိုက်ခိုက်ရန် နှင့် ဖြတ်သန်း သွားလာသည့် မော်တော်ယာဉ်များ ထံမှ ဆက်ကြေး ကောက်ခံရန် ဆောင်ရွက်လျက် ရှိကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်စဉ် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်၌ တံတားညီနောင် ကျေးရွာအနီး KIA လက်နက်ကိုင် အဖွဲ့မှ အင်အား ၃၀ ဦးခန့်က စတင် ပစ်ခတ်တိုက်ခိုက် သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည် တိုက်ခိုက်ခဲ့ရာ အရှေ့ဘက် နှင့် အရှေ့မြောက်ဘက် သို့ နှစ်ဖွဲ့ခွဲ ဆုတ်ခွာသွားပြီး တပ်မတော် စစ်ကြောင်းမှ လိုက်လံ ရှင်းလင်းရာ ဆိုင်းဖရာ ကျေးရွာဘက်သို့ ထပ်မံ ဆုတ်ခွာသွား ကြသည်။

အလားတူ KIA လက်နက်ကိုင် အဖွဲ့မှ အင်အား ၄၀ ဦးခန့်က မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် နန့်ယားကျေးရွာ အနီး တပ်မတော် စစ်ကြောင်း နှင့် နန့်ယား ပြည်သူ့စစ် (ဌာနေ) အဖွဲ့များအား ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းနှင့် ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဆိုင်းဖရာကျေးရွာ ဘက်သို့ ပြန်လည် ဆုတ်ခွာသွား ခဲ့သည်။

အဆိုပါ ဖြစ်စဉ်တွင် KIA လက်နက်ကိုင် အဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်ကြောင့် နေအိမ်သုံးလုံး မီးလောင်ပျက်စီး ၍ နန့်ယား အခြေခံပညာ အထက်တန်းကျောင်း မှ အလယ်တန်းပြ ဆရာမ ဒေါ်ရူပါငယ် နှင့် နန့်ယား ပြည်သူ့စစ် (ဌာနေ) အဖွဲ့မှ မောင်သူရဦး တို့သည် လက်နက်ကြီး အစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ လက်နက်ကြီး အစ ထိမှန်ဒဏ်ရာ ရရှိခဲ့သူ နှစ်ဦးအား တပ်မတော် စစ်ကြောင်းမှ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မြစ်ကြီးနား မြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံ သို့ ပို့ဆောင်ကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။

ဖြစ်စဉ် ဖြစ်ပွားသည့် နေရာတ၀ိုက် တပ်မတော်စစ်ကြောင်း များက နယ်မြေ ရှင်းလင်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ်

No comments:

Post a Comment