Pages

Monday, August 1, 2016

မန္တလေးမြို့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ၂ ပေခန့်မြင့်တက်နေပြီး ၂၄ နာရီအတွင်း ပေ၀က်ခန့် ဆက်လက်မြင့်တက်လာနိုင်


အမရပူရမြို့နယ် ၊ အင်းဝမြို့ဟောင်းရှိ ပြသာဒ်လေးဆူလမ်း ရေကျော်နေမှုကို တွေ့ရစဉ်

မန္တလေး ၊ ၁-၈-၂၀၁၆

မန္တလေးမြို့ရှိ ဧရာဝတီ မြစ်ရေသည် ယမန်နေ့နံနက် ၈ နာရီချိန် တိုင်းထွာချက် အရ စိုးရိမ်ရေမှတ် အထက်နှစ်ပေခန့် ဆက်လက် မြင့်တက်နေပြီး နံနက် ၈ နာရီနှင့် မွန်းလွဲ ၁ နာရီကြား ခန့်မှန်း တိုင်းထွာချက် အရ စိုးရိမ်ရေမှတ် ၁၃၂ဝ စင်တီမီတာ တွင် ရပ်တန့် သွားကြောင်းနှင့် လက်ရှိ မိုးရွာမှု အနေအထား အရ ၂၄ နာရီအတွင်း ပေဝက်ခန့် ဆက်လက်မြင့်တက် လာနိုင်ကြောင်း ယမန်နေ့ မွန်းလွဲ ၁ နာရီက မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်သည့် မန္တလေးတိုင်း ဒေသကြီး သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် အထက် မြန်မာပြည် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦး ၏ ပြောပြချက် အရ သိရသည်။

ဧရာဝတီ မြစ်ရေသည် မန္တလေးတိုင်း ဒေသကြီး သပိတ်ကျင်းမြို့ တွင် နံနက် ၆ နာရီခွဲနှင့် မွန်းလွဲ ၁၂ နာရီခွဲကြားတွင် လေးလက်မ၊ ငါးလက်မခန့် ကျဆင်းသွား သော်လည်း မြင်းခြံမြို့နယ် အနေဖြင့် ဆက်လက် သတိထားရန် လိုအပ်ကြောင်း၊ လက်ရှိ မိုးရွာသွန်းမှုအရ လာမည့် နှစ်ရက်ခန့်တွင် ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်း ၊ ရခိုင်ပြည်နယ် နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်ရန် ရှိသဖြင့် ၄င်းအရှိန်ကြောင့် ယခုလ ၃ဝ ရက် ညကတည်းက မိုးဆက်တိုက် ရွာသွန်းလျက် ရှိကြောင်း သိရသည်။

အဆိုပါ မြစ်ရေ တက်မှုကြောင့် လက်ရှိအချိန်၌ ငါန်းဇွန်မြို့တွင် စာသင်ကျောင်း ၁၄ ကျောင်း၊ မြင်းခြံမြို့တွင် စာသင်ကျောင်း ၁၆ ကျောင်း၊ တောင်သာမြို့တွင် စာသင်ကျောင်း ရှစ်ကျောင်း တို့ကို မြစ်ရေကြီးမှု အန္တရာယ်မှ ရှောင်ရှားနိုင်ရေး ပိတ်ထားရကြောင်း၊ ပိတ်ထားရသော ကျောင်းများအား အောက်တိုဘာ လတွင် အစားထိုး ပြန်လည်သင်ကြား နိုင်ရေး ညှိနှိုင်း ဆောင်ရွက်လျက် ရှိပြီး အဆိုပါ ရေကြီးမှုကြောင့် သယ်ယူမှု ကုန်ကျစရိတ်၊ စက်သုံးဆီ၊ ဆေးဝါး၊ သောက်သုံးရေ၊ အခြေခံ စားသောက်ကုန် ၊ လိုအပ်ပါက ရွက်ဖျင်တဲများပါ စီစဉ်ပေးနိုင်ရန် အစိုးရအဖွဲ့သို့ တင်ပြ ထားကြောင်း သိရသည်။

ကျောက်ဆည်ခရိုင်ရှိ တံတားဦးမြို့ သည် ဒုဋ္ဌဝတီမြစ်ရေ နှင့် ဧရာဝတီမြစ်ဆုံရာ နေရာဖြစ်သဖြင့် ဧရာဝတီမြစ်ရေ မြင့်တက်သည် နှင့် အဓိက ရေကြီးမှုဒဏ်ကို ခံစားရလေ့ရှိပြီး လက်ရှိ အချိန်တွင် တံတားဦး မြို့နယ်တွင် ကျေးရွာ ခုနစ်ရွာနှင့် စဥ့်ကိုင်မြို့နယ်တွင် ကျေးရွာ ၄၁ ရွာ ရေကြီးမှုဒဏ် ခံစားနေရကြောင်း၊ တံတားဦးမြို့နယ် ရှိ ဧရာဝတီမြစ် နှင့် ဒုဠ၀တီမြစ် ဆုံရာနေရာမှ ကျော်၍ အနိမ့်ပိုင်းဖြစ်သည့် အင်းဝသို့ ရေကြီးမှု မဖြစ်ပေါ်စေရေး မြို့ရိုးများပေါ်တွင် ဌာနဆိုင်ရာများနှင့် ကျေးရွာရှိ ပြည်သူ လူထု ပူးပေါင်း၍ သဲအိတ်များ ထပ်၍ ရေတားများ ပြုလုပ်လျက် ရှိကြောင်း၊ တံတားဦးမြို့နယ် ရှိ ဆင်ကျုံး ခံတပ်တွင်လည်း ပေ ၃ဝဝ ခန့် သဲအိတ်များ ထပ်၍ ရေတားများ ပြုလုပ်လျက် ရှိပြီး အဆိုပါခံတပ်ကို ရေကျော် ဝင်ရောက်လာပါက တံတားဦး အနီးရှိ ဟံသာဝတီ၊ အင်းဝ အနီးထိ ရေစီးဆင်း ၀င်ရောက်နိုင်ကြောင်း ၊ ဒုဠ၀တီမြစ်ရေ သည် လက်ရှိ အခြေအနေ၌ ခြောက်လက်မခန့် မြင့်တက်လျက် ရှိသော်လည်း စိုးရိမ်စရာ မရှိကြောင်း သိရသည်။

ပြည်ကြီးတံခွန် မြို့နယ် ထိန်ကုန်းရပ်ကွက် ရှိ အိမ်ခြေ ၅၁၅ အိမ်၊ လူဦးရေ ၂၃၈၅ ဦး၊ ငွေတော်ကျည်ကုန်း ရပ်ကွက်ရှိ အိမ်ခြေ ၅၅၄ အိမ်၊ လူဦးရေ ၃ဝ၁၇ ဦးနှင့်ပ စ္စည်းများကို လက်ရှိအချိန်တွင် ငွေတော်ကျည်ကုန်း ရပ် ကွက်ရှိ ၆၇ လမ်းပေါ်တွင် ရွှေ့ပြောင်းပေးလျက် ရှိပြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ထိန်ကုန်းရပ်ကွက် ရှိ မေဇင်သိန်းဓမ္မာရံတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ရန် စီစဉ်လျက် ရှိကြောင်း ၊ ယမန်နေ့ နံနက်ပိုင်းတွင် အိုးဘို-ရွှေကျင် ရေကင်း(၂)မှ အမျိုးသား အလောင်းတစ်လောင်း တွေ့ရှိကြောင်း ကြံခင်းအုပ်စု ၊ ကျွန်းတဲရွာမှာလည်း ပြောင်းရွှေ့ ထားရန် လိုအပ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment