Pages

Monday, August 1, 2016

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံ ၄၄၃ လုံးတွေ့ရှိ



ညောင်ဦး ၊ ၁-၈-၂၀၁၆

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတစ်ခု ဖြစ်သည့် ပုဂံ-ညောင်ဦး ဒေသရှိ ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ် ထားသည့် အဆောက်အအုံ ၄၄၃ လုံးခန့် တွေ့ရှိကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနေ ရှးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ)မှ သိရသည်။ 

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ် ထားသည့် အဆောက်အအုံ များမှာ ညောင်ဦးမြို့နယ် အမှတ်(၃) နယ်မြေ ငှက်ပစ်တောင် ၌ ၄၃ လုံး၊ အမှတ် (၁) နယ်မြေ သာယာဝတီ ရပ်ကွက် ဂူနီဘုရား အနီး၌ ၂၅ လုံး၊ အမှတ် (၁) နယ်မြေ သီရိမင်္ဂလာ ရပ်ကွက်၌ ၅၄ လုံး၊ ရွှေကုန်းရပ်ကွက် ၌ ၁၆ လုံးနှင့် အမှတ် (၅) နယ်မြေ နန်းကြည့်ကုန်း ၌ ၃၁ လုံးရှိသည်။

ထို့ပြင် စက်မှုသီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာနရုံး အနောက်ဘက်၌ ၁၅ လုံး၊ ပုဂံမြို့သစ် ရွှေတွင်း ရပ်ကွက်၌ ၃၃ လုံး၊ ပုဂံမြို့သစ် မြောက်ပိုင်း၌ ကိုးလုံး၊ ကန်တော့ပလ္လင် ဘုရားအနီး၌ ၆၄ လုံး၊ ပုဂံမြို့ဟောင်း ဧရာဇက်ဆိပ် ၌ ၄၇ လုံး၊ အာနန္ဒာ ဘုရား မြောက်ဘက်၌ ၂၅ လုံး၊ ဗူးဘုရား အနီး၌ ၅၁ လုံး၊ မြင်းကပါရွာ တောင်ဘက် ကွက်သစ်၌ ၃ဝ လုံး စုစုပေါင်း ၄၄၃ လုံးရှိကြောင်း ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှတ်တမ်း များအရ သိရသည်။

ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ် ထားသည့် အဆောက်အအုံ များကို သတိပေး အကြောင်းကြားစာ (Notice) သုံးကြိမ်ပေးပို့မည် ဖြစ်ပြီး ထိုသို့ပေးပို့ပြီး ချိန်အထိ ဆက်လက် လုပ်ဆောင်နေ ပါက ရှေးဟောင်း ဥပဒေနှင့် အညီ အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment