Pages

Friday, July 8, 2016

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ရေးအတွက် မူဘောင် သဘောတူစာချုပ် မကြာမီ လက်မှတ်ရေးထိုးတော့မည်



ပဲခူး ၊ ၈-၇-၂၀၁၆

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် စီမံကိန်းအတွက် လေဆိပ် တည်ဆောက်ရေး ဆိုင်ရာ မူဘောင် သဘောတူ စာချုပ် (Frame Work Aggrement) ကို မကြာမီ လက်မှတ်ရေးထိုး တော့မည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ရေး လုပ်ငန်းကို ရွှေ့ဆိုင်းခြင်း မရှိဘဲ လေဆိပ် တည်ဆောက်ခွင့် ရ Yongnam-CAPE-JGC Consortium နှင့် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန တို့သည် မူဘောင် သဘောတူညီမှု စာချုပ် ချုပ်ဆိုမည် ဖြစ်သည်။

ယင်း လေဆိပ်သစ် တည်ဆောက်ရန် ဂျပန်နိုင်ငံမှ ODA ချေးငွေ ၄၉ ရာခိုင်နှုန်း ရယူရန် Yongnam-CAPE-JGC Consortium မှ ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့ပြင် ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ အနေဖြင့် ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ရန် လေ့လာ ဆန်းစစ်မှုများ ပြုလုပ်နေသော ဂျပန် ကုမ္ပဏီအား ထောက်ပံ့မှုများ ပေးအပ်နေပြီး လေ့လာမှုများ အနေဖြင့် သြဂုတ်လတွင်ပြီးစီးမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ဂျပန်အစိုးရ အနေဖြင့် အဆိုပါ လေ့လာမှုများ ပြီးစီးချိန်မှသာ ODA ချေးငွေ ပေးအပ်ရန် ဆွေးနွေးသွားမည် ဖြစ်သည်။

ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ်သစ် စီမံကိန်းကို Yongnam-CAPE-JGC Consortium မှ တည်ဆောက်ရန် နောက်ဆုံးရွေးချယ် ထားပြီး ယင်း ကုမ္ပဏီသည် ဂျပန်နိုင်ငံမှ ODA ချေးငွေ ၄၉ ရာခိုင်နှုန်း ဖြစ်သော အမေရိကန် ဒေါ်လာ ၇ဝ၆ သန်းနှင့် Private Loan အမေရိကန် ဒေါ်လာ ၅၁၇ သန်း၊ ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံ မှုငွေ အမေရိကန် ဒေါ်လာ ၂၂၂ သန်းစုစုပေါင်း အမေရိကန် ဒေါ်လာ ၁၄၄၅ သန်းဖြင့် တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment