Pages

Friday, July 8, 2016

ဧရာဝတီမြစ်တစ်လျှောက် ရှိ ကျေးရွာ ၆ ရွာခန့်ကို ခရီးစဉ်ဒေသသစ်တစ်ခု အကောင်အထည်ဖော်ရန် စစ်တမ်းကောက်ယူ



ဧရာဝတီမြစ်ကမ်းဘေး ရန္တပိုရွာမှ အိုးလုပ်ငန်း


မန္တလေး ၊ ၈-၇-၂၀၁၆

ဧရာဝတီမြစ် တစ်လျှောက်ရှိ ကျေးရွာ ခြောက်ရွာခန့် ကို မြစ်တွင်းသွား သင်္ဘောများဖြင့် နိုင်ငံခြား ခရီးသွားများ သွားရောက် လည်ပတ်နိုင်မည့် ရပ်ရွာလူထု အခြေပြု ခရီးစဉ် ဒေသသစ်တစ်ခု အကောင် အထည်ဖော်ရန် စစ်တမ်း ကောက်ယူလျက် ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန မှ ဧရာဝတီ လင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး ဆောင်ရွက် နေသည့် မန္တလေးနှင့် စစ်ကိုင်းကြားရှိ ကျေးရွာ ခြောက်ရွာကို နိုင်ငံခြား ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ် နိုင်စေရန် ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း စီမံချက်ဖြင့် အကောင်အထည် ဖော်လျက်ရှိရာ စိတ်ဝင်စားမှု များပြား၍ ယခု ခရီးစဉ်သစ်ကို ဆက်လက် အကောင်အထည် ဖော်ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဆောင်ရွက်နေသော ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း အပြင် နောက်ထပ် ခရီးစဉ်သစ်များ အကောင် အထည်ဖော် သွားရန် ဧရာဝတီ မြစ်ကမ်းဘေး ရှိ ကျေးရွာများကို စစ်တမ်း ကောက်ယူလျက် ရှိပြီး ရရှိလာသည့် အချက်အလက် များပေါ် မူတည်၍ ကျေးရွာများကို ရွေးချယ် အကောင် အထည်ဖော် သွားမည် ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သတင်း နှင့် ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူး
ဦးမြင့်ထွေး က ပြောသည်။

''ဧရာဝတီမြစ် အတွင်းမှာ ပြည်တွင်းမှာ ရှိတဲ့ မြစ်တွင်းသွား သင်္ဘောတွေနဲ့ လှည့်လည် လေ့လာနေတဲ့ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ ရှိတဲ့အတွက် မြစ်ကမ်းဘေးက စိတ်ဝင်စားဖို့ ကောင်းတဲ့ ကျေးရွာတွေမှာပါ စနစ်တကျနဲ့ လေ့လာမှုတွေ ပြုလုပ်သွား နိုင်ဖို့ ခရီးစဉ်သစ် တစ်ခု စီစဉ်နေတာ ဖြစ်ပါတယ်'' ဟု ၄င်းက ပြောသည်။ (သဲသဲ)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment