Pages

Tuesday, July 26, 2016

ဘွတ်ချွဲငှက်ကို မြန်မာ့ဒေသမျိုးရင်းငှက် အဖြစ် နိုင်ငံတကာငှက်ထိန်းသိမ်းရေးအဖွဲ့ အတည်ပြု



ရန်ကုန် ၊ ၂၆-၇-၂၀၁၆

နိုင်ငံတကာ ငှက်ထိန်းသိမ်းရေး အဖွဲ့သည် မြန်မာနိုင်ငံ၌ နေထိုင် ကျက်စားသည့် ဘွတ်ချွဲငှက် ကို မြန်မာ့ဒေသ မျိုးရင်းငှက် အဖြစ် ယခုလအတွင်း အတည်ပြု ပေးခဲ့ သောကြောင့် မြန်မာနိုင်ငံ၌ ဒေသမျိုးရင်း ငှက်ရှစ်မျိုး ရှိလာပြီ ဖြစ်ကြောင်း သားငှက် ထိန်းသိမ်းရေး အဖွဲ့ WCS မှ သိရသည်။

မြန်မာနိုင်ငံ၌ ဒေသမျိုးရင်းငှက် အဖြစ် စွေ့၊ ငှက်မင်းသား ဝမ်းဖြူ၊ မြန်မာဘီလုံး၊ နာဖားကြူး၊ မျက်ခုံးဖြူ ငှက်ပြာခြောက် နှင့် မြန်မာတစ် ဟူ၍ ငှက်ခြောက်မျိုးသာ ရှိရာ အဆိုပါ အဖွဲ့အစည်းမှ ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ တွင် ချိုးလင်းပြာငှက် ကိုလည်း ကောင်း၊ ယခုလတွင် ဘွတ်ချွဲငှက် ကိုလည်းကောင်း အတည်ပြု ပေးခဲ့သဖြင့် ဒေသ မျိုးရင်းငှက် ရှစ်မျိုးရှိလာပြီ ဖြစ်သည်။

တခြားနိုင်ငံ များ၌ ကျက်စားမှု မရှိသည့် ငှက်မျိုးစိတ် များသည် သဘာဝ ပတ်ဝန်းကျင် နှင့် ဂေဟစနစ် ကောင်းမွန်သော မြန်မာနိုင်ငံ ၌သာ တွေ့ရှိရသဖြင့် သုတေသန လုပ်ငန်းများ တွင်ကျယ်စွာ ပြုလုပ်နိုင် ပါက မြန်မာ နိုင်ငံအတွက် ပိုမိုအကျိုးရှိ နိုင်မည်ဖြစ်ကြောင်း မြန်မာ့ငှက်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းဥက္ကဋ္ဌ ဒေါက်တာ သိန်းအောင် ကပြောသည်။

မြန်မာနိုင်ငံ၌ ကျက်စားသည့် ငှက်မျိုးစိတ်ပေါင်း ၁၁၁၆ မျိုးရှိပြီး ကမ္ဘာ ပေါ်ရှိ ငှက်မျိုးစိတ် များ၏ ဆယ်ပုံတစ်ပုံ သည် မြန်မာနိုင်ငံ၌ လာရောက် ကျက်စားကာ ယခု ဒေသမျိုးရင်း အဖြစ် သတ်မှတ်ခံရသော ဘွတ်ချွဲငှက် မှာ တောင်အမြင့်ပိုင်း ဒေသမှလွဲ၍ မြန်မာနိုင်ငံ အနှံ့အပြား၌ တွေ့ မြင် နိုင်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment