Pages

Tuesday, July 26, 2016

SEA-ME-WE 5 ပင်လယ်ရေအောက် အက်တာနက်ဖိုက်ဘာ ၀န်ဆောင်မှု ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ပေးအပ်မည်



ရန်ကုန် ၊ ၂၆-၇-၂၀၁၆

SEA-ME-WE 5 ပင်လယ်ရေအောက် ဖိုက်ဘာဆက်ကြောင်း အတွက် လက်ရှိတွင် ကုန်းတွင်း ဆက်ကြောင်းများ သွယ်တန်းခြင်း ကို အပြီးသတ် ဆောင်ရွက်လျက် ရှိပြီး ၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင် ဝန်ဆောင်မှု ပေးအပ် နိုင်တော့မည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ SEA-ME-WE 5 ပင်လယ်ရေအောက် ဖိုက်ဘာ ဆက်ကြောင်းသည် ကီလိုမီတာ ၂ဝဝဝဝ ရှည်လျားပြီး နိုင်ငံပေါင်း ၁၇ နိုင်ငံကို ဖြတ်ကျော် ဆက်သွယ် ထားခြင်း ဖြစ်ကာ ဦးဆောင်ပါဝင် လုပ်ဆောင် နေသည့် ဆက်သွယ်ရေး အော်ပရေတာ ၁၅ ခုထဲတွင် မြန်မာနိုင်ငံမှ ဆက်သွယ်ရေး လုပ်ငန်းမှာ လည်း တစ်ခု အပါအဝင် ဖြစ်ကြောင်းနှင့် အဆိုပါ ဆက်ကြောင်း ပြီးစီးပါက Backbone Bandwidth ပမာဏ ပိုမိုရရှိ လာစေမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံ၌ အင်တာနက် ဆက်သွယ်မှု အတွက် နယ်စပ်ဖြတ်ကျော် ဖိုက်ဘာ ဆက်ကြောင်း၊ SEA-ME-WE 3 ပင်လယ်ရေအောက် ဖိုက်ဘာ ဆက်ကြောင်း နှင့် IN_TELAST 9, MEA-SET 3, THAI-COM 5 ဂြိုဟ်တုစနစ် တို့ကို ချိတ်ဆက် အသုံးပြုနေပြီး နယ်စပ်ဖြတ်ကျော် ဖိုက်ဘာ ဆက်ကြောင်းနှင့် SEA-ME-WE 3 တို့ကို အဓိကထား သုံးစွဲ နေရကြောင်း သိရသည်။

ယခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအရ အင်တာနက် သုံးစွဲမှု မြင့်တက် လာခဲ့ပြီး အင်တာနက် ပင်မ ဆက်ကြောင်း၌ မူလရှိပြီးသား SEA-ME-WE 3 ပင်လယ်ရေအောက် ဖိုက်ဘာ ဆက်ကြောင်း အဆင့်မြှင့်တင် တိုးချဲ့ခြင်း များကို ၂ဝ၁၅ ခုနှစ်အတွင်းက လုပ်ဆောင် ခဲ့ကြောင်း၊ ယခင် SEA-ME-WE 3 ၏ ပင်လယ်ရေအောက် ဖိုက်ဘာ ဆက်ကြောင်း Bandwidth ပမာဏမှာ 7 Gbps ခန့်သာ ရှိခဲ့ရာမှ Bandwidth ပမာဏ 60 Gbps ခန့်အထိ ရရှိ လာနိုင်ရန် အဆင့်မြှင့်တင် ခဲ့ကြောင်း သိရသည်။

ထိုင်း- မြန်မာ နယ်စပ်ဖြတ်ကျော် မြဝတီ ဆက်ကြောင်းကို ဆက်သွယ်ရေး အော်ပရေတာ သုံးခုစလုံးက အသုံးပြုပြီး SEA-ME-WE 3 ပင်လယ်ရေအောက် ဖိုက်ဘာ ဆက်ကြောင်းကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း
တစ်ခုတည်း ကသာ အသုံးပြုခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အတွင်း အင်တာနက် သုံးစွဲမှု နှစ်စဉ်တိုးတက် လာသဖြင့် နိုင်ငံအတွင်း မြန်နှုန်းမြင့် သုံးစွဲနိုင်ရေး အတွက် အဆင့် မြှင့်တင်ခြင်း များနှင့် အင်တာနက် ဆက်ကြောင်း အသစ်တိုးချဲ့ တပ်ဆင်ခြင်းများ ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း သိရသည်။

ယခု နောက်ပိုင်းတွင် စီးပွားရေး လုပ်ငန်းများ ပိုမိုတိုးတက် လာစေရေး အတွက် အင်တာနက် ဆက်သွယ်ရေး တွင် ဖိုက်ဘာ ဆက်ကြောင်း သာမက ဂြိုဟ်တုစနစ်များ ကိုပါ အသုံးပြုရန် အဓိက စီစဉ်လျက် ရှိကြောင်း သိရသည်။ 

(စိုးမိုး)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment