Pages

Monday, June 27, 2016

VZF အဖွဲ့က မြန်မာနိုင်ငံ အလုပ်သမား များနှင့် ပတ်သက်သည့် ကဏ္ဍများတွင် အထောက်အပံ့ ပေးရန် ဆောင်ရွက်လျက်ရှိ


ရန်ကုန် ၊ ၂၇-၆-၂၀၁၆

ဂျာမနီနိုင်ငံမှ တာဝန်ရှိသူများ ဦးဆောင်သော လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး ရန်ပုံငွေအဖွဲ့ (Vision Zero Fund -VZF ) က မြန်မာနိုင်ငံ၏ အလုပ်သမားများ နှင့် ပတ်သက်သည့် ကဏ္ဍများတွင် အထောက်အပံ့ များပေးရန် စတင် ဆောင်ရွက်လျက် ရှိကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။

VZF အဖွဲ့၏ အထောက်အပံ့ များကို မြန်မာနိုင်ငံ၌ စီမံကိန်းတစ်ရပ် ချမှတ် အကောင်အထည် ဖော်ရာတွင် အလုပ်ရှင် ကိုယ်စားလှယ်၊ အလုပ်သမား ကိုယ်စားလှယ် နှင့် အစိုးရတို့ ပါဝင်သည့် သုံးပွင့်ဆိုင် ကော်မတီ အဖွဲ့ဖြင့် ပူးပေါင်း ဆောင်ရွက်မှု ပြုရမည်ဖြစ်ပြီး စီမံကိန်း အကောင် အထည်ဖော်မှု လုပ်ငန်းစဉ်များ အလိုက် အကဲဖြတ် ကြီးကြပ်မှု များလည်း ပါရှိသွားမည် ဖြစ်ကြောင်း သိရသည်။

VZF အဖွဲ့သည် မည်သည့်ကဏ္ဍ များတွင် အဓိကထား ထောက်ပံ့ရန် လိုအပ်သည် ကို သိရှိနိုင်ရန် မြန်မာနိုင်ငံ၏ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ အပါအဝင် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တို့မှ တာဝန်ရှိ သူများနှင့် ယမန်နေ့က ရန်ကုန်မြို့ ချတ်ထရီယမ် ဟိုတယ်၌ တွေ့ဆုံ ဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်မှ စက်မှုလုပ်ငန်း များရှိ အလုပ်သမား ကဏ္ဍများ အပြင် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းနှင့် မြို့တော် သန့်ရှင်း သာယာလှပရေး၊ စည်ပင်ဝန်ထမ်း များအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ် နှင့် ကျန်းမာရေး ဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများ တွင်လည်း ပံ့ပိုးကူညီ ပေးသင့်ကြောင်း ဆွေးနွေးခဲ့ ကြသည်။

ထို့ပြင် အလုပ်ရှင် ကိုယ်စားလှယ်များ ကလည်း စက်ရုံ၊ အလုပ်ရုံ များနှင့်အလုပ် သမားများ အတွက် လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး နှင့် ကျန်းမာ သန့်ရှင်းသည့် လုပ်ငန်းခွင်များ ဖြစ်စေရေး ပံ့ပိုးကူညီ ပေးရန်နှင့်
တွင်းထွက်နှင့် သတ္တု တူးဖော်ရေး လုပ်ငန်း များရှိ လုပ်သားများ အတွက် ပံ့ပိုးကူညီ ပေးရန် တင်ပြဆွေးနွေး ကြကြောင်း သိရသည်။ အဆိုပါ VZF အဖွဲ့ကို ကမ္ဘာ့ ထိပ်သီး ဖွံ့ဖြိုးပြီး ခုနစ်နိုင်ငံဖြင့် ထူထောင် ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment