Pages

Monday, June 27, 2016

၂၀၁၇ ခုနှစ်အတွင်း မြို့ကြီးများ၌ ဆေးလိပ်ကင်းမဲ့ဇုန် အများအပြား ဖြစ်ပေါ်လာစေရန် လုပ်ဆောင်မည်



ရန်ကုန် ၊ ၂၇-၆-၂၀၁၆

ပြည်သူများ ဆေးလိပ် သောက်သုံးမှု လျှော့ချနိုင်ရန် ရည်ရွယ်၍ လာမည့်နှစ်တွင် မြို့ကြီးများ၌ ဆေးလိပ် ကင်းမဲ့ဇုန် အများအပြား လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

'' ဆေးလိပ်သောက် တာက ပြည်သူတွေ အတွက် ဘာကောင်းကျိုးမှ မရှိပါဘူး။ ကျန်းမာရေး ကိုလည်း ဆိုးရွားစွာ ထိခိုက် စေတယ်။ ဒါကြောင့် ၂ဝ၁၇ ခုနှစ်မှာ လူနေ ထူထပ်တဲ့ မြို့ကြီးတွေမှာ ဆေးလိပ် ကင်းမဲ့ဇုန်တွေ အများအပြား လုပ်မယ်။ အနာဂတ် ကာလမှာ ဆေးလိပ်သောက်တဲ့ သူတွေ သိသိသာသာ လျော့ကသွားအောင် စီမံကိန်း တွေနဲ့ လုပ်ဆောင်သွား မှာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။

အဆိုပါ စီမံကိန်းကို လာမည့်နှစ်တွင် ရန်ကုန်နှင့် မန္တလေးမြို့ တို့၌ လုပ်ဆောင်မည် ဖြစ်ပြီး လူအသွားအလာ များသည့် ဘုရားစေတီ၊ ပန်းခြံနှင့် ရုပ်ရှင်ရုံ စသည့်နေရာ များကို ဆေးလိပ် ကင်းမဲ့ဇုန် အဖြစ် သတ်မှတ်သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံ၌ လက်ရှိတွင် ဆေးလိပ် သောက်သုံးမှု ၂၆ ဒသမ ၁ ရာခိုင်နှုန်း ရှိပြီး အမျိုးသား များတွင် ၄၃ ဒသမ ၈ ရာခိုင်နှုန်း နှင့် အမျိုးသမီး များတွင် ၈ ဒသမ ၄ ရာခိုင်နှုန်းသည် ဆေးလိပ် သောက်သုံးသူ များ ဖြစ်နေသည်။ ဆေးလိပ် သောက်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုး အနေဖြင့် လူအများအပြား အသက်ဆုံးရှုံး နေရကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ဆေးလိပ်နှင့် ဆေးရွက်ကြီးကြောင့် ရောဂါဖြစ်ပွား မှုသည် အမျိုးသား ၅ဝ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၃၈ ရာခိုင်နှုန်း ရှိနေပြီး နှစ်စဉ်အသက် ၂၅ နှစ်မှ ၄၅ နှစ်ကြားရှိ လူဦးရေ ၈ဝ ရာခိုင်နှုန်းမှာ ဆေးလိပ်နှင့် ဆေးရွက်ကြီး ကြောင့် အဆုတ်ရောဂါ ဖြစ်ပွားပြီး သေဆုံး နေရကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment