Pages

Friday, June 3, 2016

ရန်ကုန်တိုင်းဒေသကြီး အတွင်း မေလ ၁ ရက်မှ မေ ၃၁ ရက်အထိ အမှုပေါင်း ၃၁၄၀ ဖမ်းဆီးအရေးယူနိုင်ခဲ့


ရန်ကုန် ၊ ၃-၆-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီး အတွင်း မှုခင်း ကျဆင်းမှုများ ဖြစ်ပေါ်စေရန် ရဲတပ်ဖွဲ့က မေ ၁ ရက်မှ စတင်ပြီး ရက် ၁ဝဝ စီမံချက်ဖြင့် လုံခြုံရေး အထူးတိုးမြှင့် ဆောင်ရွက်ခဲ့ရာ မေ ၃၁ ရက်အထိ အမှုပေါင်း ၃၁၄ဝ ဖမ်းဆီး အရေးယူ နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ထိုသို့ဖမ်းဆီး ခဲ့သည့် အမှုပေါင်း ၃၁၄ဝ တွင် လက်နက်ပုန်းမှု၊ လောင်းကစားမှု၊ ယစ်မျိုးမှု၊ ခြေချုပ် ဖောက်ဖျက်မှု၊ မူးယစ်ဆေးဝါးမှု၊ ပြည့်တန်ဆာမှု နှင့် မော်တော်ယာဉ် အက်ဥပဒေမှုများ အပါအဝင် ပြစ်မှုပေါင်း ၁ဝ မျိုးဖြစ်ပြီး အဆိုပါ ရက် ၁ဝဝ စီမံချက်အတွင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ အင်အား ၈ဝဝဝ ကျော်အပြင် တခြား တိုင်းဒေသကြီး နှင့် ပြည်နယ်တို့မှ တပ်ဖွဲ့ဝင် အင်အားများ ကိုပါ ထပ်မံဖြည့်တင်း ထားကြောင်း သိရသည်။

''ရဲတပ်ဖွဲ့ဝင် အင်အား ၃ဝဝ ထပ်မံ တိုးမြှင့်ပြီး လုံခြုံရေး ဆောင်ရွက်ခဲ့ ရာမှာ တစ်လအတွင်း အမှုပေါင်း ၃၁၄ဝ ကို ဖမ်းဆီး အရေးယူ နိုင်ခဲ့တယ်။ ဒါ့အပြင် လူသတ်မှု၊ လုယက်မှုနဲ့ တခြားအမှု ဖြစ်စဉ်တွေ ကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင်နေတဲ့ တရားခံပြေး ၁ဝ၇ ဦး ဖမ်းမိခဲ့တယ်။ ယာဉ်ကြော ပိတ်ဆို့မှု တွေကို ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင် အင်အား တိုးမြှင့်ပြီး ယာဉ်ကြော ရှင်းလင်းရေးတွေ ဆောင်ရွက် နေပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့ပြင် ရက် ၁ဝဝ စီမံချက်အတွင်း ဒဂုံ စစ်ဆင်ရေး အမည်ဖြင့် မူးယစ်တပ်ဖွဲ့ နှင့် မြို့နယ် ရဲတပ်ဖွဲ့တို ပူးပေါင်းပြီး ရန်ကုန်မြို့ အတွင်း ပိတ်ဆို့ရှာဖွေ စစ်ဆေးခဲ့ရာ တစ်လအတွင်း မူးယစ်အမှု ၁၇၃ မှုမှ တန်ဖိုး ငွေကျပ် သိန်း ၅ဝဝဝ ကျော်ရှိသော မူးယစ်ဆေးဝါး များနှင့်အတူ ပြစ်မှု ကျူးလွန်သူ ၂၅၄ ဦးအား ဖမ်းဆီး အရေးယူ နိုင်ခဲ့ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment