Pages

Friday, June 3, 2016

Doctor of Scienc ( D.Sc ) ဘွဲရရှိခဲ့သည့် အရာရှိများအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ၏ ဂုဏ်ထူးဆောင်လက်မှတ် ချီးမြှင့်





နေပြည်တော် ၊ ၃-၆-၂၀၁၆

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ကို ရန်သူနှင့် ရင်ဆိုင် တိုက်ခိုက်ရာတွင် ဖြစ်စေ၊ ရန်သူနှင့်ရင်ဆိုင် တိုက်ခိုက်ခြင်း မဟုတ်သော်လည်း ပေးအပ်သော တာဝန်များကို ခိုင်မြဲသော စိတ်ဓာတ်ဖြင့် ဂုဏ်ပြု လောက်အောင် ကျေပွန်စွာ ထမ်းဆောင်ခြင်း အတွက်ဖြစ်စေ ပေးအပ် ချီးမြှင့်လျက် ရှိသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ် ချီးမြှင့်ခြင်းသည် ရဲဝံ့စွန့်စားမှုနှင့် တာဝန် ကျေပွန်မှုကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အသိအမှတ်ပြု မှတ်တမ်းတင်ခြင်း ဖြစ်သည်။

ထိုသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ် ပေးအပ် ချီးမြှင့်လျက် ရှိရာ ၂ဝ၁၆ ခုနှစ်၊ ဇွန်လ ၂ ရက်တွင် ရုရှား ဖက်ဒရေးရှင်း နိုင်ငံရှိ တက္ကသိုလ် အသီးသီးမှ Doctor of Science(D.Sc) ဘွဲ့ ရရှိခဲ့ကြသည့် မြန်မာ့ တပ်မတော်မှ ဗိုလ်မှူး ရဲဇော်ထွေး၊ ဗိုလ်မှူး တင်ဖုန်းကျော် နှင့် ဗိုလ်မှူး ဟိန်းဝင်းဇော် တို့ သုံးဦးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်များ ပေးအပ်ချီးမြှင့် ခဲ့သည်။

ဗိုလ်မှူး ရဲဇော်ထွေး သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ MUCTR(D.I Mendeleyev University of Chemical Technology of Russia) ၌ Doctor of Chemical Science ဘွဲ့ကို ငါးနှစ်အတွင်း ပထမဆုံး ရရှိသူအဖြစ် လည်းကောင်း၊ ဗိုလ်မှူး တင်ဖုန်းကျော် သည် MAI (Moscow Aviation Institute) ၌ Doctor of Technical Science ဘွဲ့ကို ၁၄ နှစ်အတွင်း ပထမဆုံး ရရှိသူအဖြစ် လည်းကောင်း၊ ဗိုလ်မှူး ဟိန်းဝင်းဇော် သည် MATI (Russian State University of Aviation Technology) ၌ Doctor of Design Construction & Manufacture of Aircraft ဘွဲ့ကို လေးနှစ်အတွင်း ပထမဆုံး ရရှိသူအဖြစ် လည်းကောင်း ထူးချွန်စွာ ရရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ချီးမြှင့် ပေးအပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ယင်းသို့ D.Sc ဘွဲ့ ရရှိခဲ့ကြသော အရာရှိ သုံးဦးသည် သင်တန်း တက်ရောက်စဉ် ကာလအတွင်း တွင်လည်း အစ္စရေးနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ဘယ်လာရုစ် နိုင်ငံ၊ အီးယူနိုင်ငံများ၊ အမေရိကန် ပြည်ထောင်စု၊ သြစတြေးလျ နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ရုရှားနိုင်ငံ ဒေသအတွင်းရှိ တက္ကသိုလ် များသို့ သွားရောက်၍ သုတေသန စာတမ်းများကို နိုင်ငံတကာနှင့် ယှဉ်၍ ဖတ်ကြားတင်သွင်း ခဲ့ပြီး ၄င်းတက္ကသိုလ် များမှ ပေးအပ်သော ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့များ၊ ဘာသာရပ် ဆိုင်ရာ ရွှေတံဆိပ်ဆု များကို ရရှိခဲ့သည်။ ယခုရရှိသော D.Sc ဘွဲ့များကိုလည်း သက်ဆိုင်ရာ တက္ကသိုလ် များတွင် နှစ်ကာလ ကြာရှည်စွာ ခက်ခဲ ပင်ပန်းစွာ ကြိုးစား အားထုတ်၍ နိုင်ငံတကာမှ သင်တန်းသား များနှင့်ယှဉ်၍ ထူးချွန်စွာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment