Pages

Tuesday, June 28, 2016

ကျောက်စိမ်းလုပ်ကွက် များ၌ သက်တမ်းကုန် လုပ်ကွက်များ သက်တမ်းဆက်တိုးပေး တော့မည်မဟုတ်



ရန်ကုန် ၊ ၂၈-၆-၂၀၁၆

ပြည်တွင်းရှိ ကျောက်စိမ်း လုပ်ကွက်များ၌ သက်တမ်းကုန် လုပ်ကွက်များ သက်တမ်း ဆက်တိုးပေး တော့မည် မဟုတ်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းထိန် က ပြောသည်။

''ကျောက်စိမ်း လုပ်ကွက်တွေကို ထပ်လုပ်ခွင့် မပေးတော့ ပါဘူး။ လုပ်ကွက် သက်တမ်းတွေ တိုးမပေးတော့ ပါဘူး။ လုပ်လက်စ  တွေကိုပဲ ဆက်လုပ်ခွင့် ပြုထားပါတယ်။ နောက်ပြီး သက်တမ်းကုန်တဲ့ လုပ်ကွက်တွေ ကို ထပ်မလုပ်ခိုင်း တော့ပါဘူး။ ကျောက်စိမ်း ကတော့ ဖားကန့်မှာ ဆိုရင် သက်တမ်းကုန် တယ်ဆိုတာနဲ့ ရပ်ထားတော့ တာပါပဲ'' ဟု ၄င်းက ပြောသည်။

ထို့ပြင် လက်ရှိ ကျောက်စိမ်း အရိုင်းတုံးများ ရောင်းချမှုကို လျှော့ချကာ တန်ဖိုးမြင့် ထုတ်ကုန်များ အဖြစ် ထုတ်လုပ်၍ ကုန်ချော အဖြစ် အချောထည် ရောင်းချမှု များကို ဦးစားပေး သွားမည် ဖြစ်သည်။

''အရင်က ကျောက်မျက် ရတနာ ရောင်းချတဲ့ပွဲ တွေမှာဆိုရင် ကျောက်စိမ်းတွဲ တွေ ၉ဝဝဝ၊ ၁ဝဝဝဝ လောက် တင်ရောင်း ပါတယ်။ ဒီပွဲမှာတော့ ၆ဝဝဝ လောက်ပဲ တင်ရောင်းပြီး အချောတွေကိုပဲ ဦးစားပေး ရောင်းသွားမှာ ဖြစ်ပါတယ်။ အရိုင်းတုံးကို လျှော့ပြီး အချောကို တိုးပြီး ရောင်းသွားမှာ ဖြစ်ပါတယ်။ ဆိုင်တွေမှာလည်း အချောတွေ အများဆုံး တင်ရောင်းတာ တွေ့ရမှာပါ။ နိုင်ငံခြား သားတွေ ဝယ်တဲ့ အနေအထားကို ဒီပွဲမှာ လေ့လာ နေပါတယ်။ ကြမ်းခင်းဈေး တွေကတော့ ယူရို ၂ သန်းက စပါတယ်။ ပစ္စည်းပေါ် မူတည်ပြီး တန်ဖိုးကတော့ အမျိုးမျိုး ပါပဲ'' ဟု ၄င်းက ဆက်လက် ပြောသည်။

ယခင် အရောင်းပွဲ များတွင် ဈေးပြိုင်စနစ် ဖြင့် ဝယ်ယူမှုကြောင့် ယူရို ၅ဝဝဝဝ တန် ပစ္စည်းမှာ ယူရို ၁ဝဝဝဝဝ နီးပါး အထိ ဈေးပေး ဝယ်ယူမှုများ ရှိသော်လည်း အမှန်တကယ် ငွေပေးချေ ချိန်တွင် ဝယ်ယူခြင်း မရှိကြောင်း သိရသည်။

လက်ရှိ ကျောက်စိမ်း ကျောက်မျက် ရောင်းဝယ်ရေး လုပ်ငန်းများ အပေါ် အမေရိကန် နိုင်ငံမှ ပိတ်ဆို့မှုများ ရှိနေသည့် အတွက် ကျောက်စိမ်းကို ယူရိုငွေကြေး ဖြင့်သာ ရောင်းချသွားမည် ဖြစ်ပြီး ပိတ်ဆို့မှုများ မရှိသည့် အခါမှသာ အမေရိကန် ဒေါ်လာဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။ (သဲသဲ)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment