Pages

Tuesday, June 28, 2016

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အစ္စရေး ကာကွယ်ရေးဝန်ကြီး ဌာန SIBAT(Israel MOD International Defense Cooperation Directorate) ၏ Director ဖြစ်သူအား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အစ္စရေး ကာကွယ်ရေးဝန်ကြီး ဌာန SIBAT(Israel MOD International Defense Cooperation Directorate) ၏ Director ဖြစ်သူ Brigadier General (Ret.) Mishel Ben Baruch အား လက်ခံ တွေ့ဆုံစဉ်

နေပြည်တော် ၊ ၂၈-၆-၂၀၁၆

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့ နံနက် ၁ဝ နာရီတွင် ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင် ၌ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာန၊ SIBAT(Israel MOD International Defense Cooperation Directorate) ၏ Director ဖြစ်သူ Brigadier General (Ret.) Mishel Ben Baruch အား လက်ခံ တွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေးနှင့် ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းတွင် လျှောက်လှမ်း နေမှု အခြေအနေ နှင့် ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များ၊ ပြန်လည် နေရာချထားရေး ညွှန်ကြားရေးမှူးရုံး နှင့် ပူးပေါင်း လုပ်ဆောင် နေသည့် စိုက်ပျိုးရေး လုပ်ငန်းဆိုင်ရာများ၊ ဆက်လက် ပူးပေါင်း လုပ်ဆောင်မည့် ကျန်းမာရေး ဆိုင်ရာကိစ္စ ရပ် များအား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော် အရာရှိကြီးများ တက်ရောက်၍ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနမှ Brigadier General (Ret.)Mishel Ben Baruch နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ အစ္စရေးနိုင်ငံသံအမတ်ကြီး H.E.Mr. Daniel Zohar Zonshine နှင့် တာဝန်ရှိ သူများ တက်ရောက်ကြပြီး တွေ့ဆုံပွဲ အပြီးတွင် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြ ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment